1183

311 41 0
                                    

Chapter 1183: ငါ မင်းကိုကူညီနေတာ..

စေးထန်းသော သွေးပင်လယ်၏အလယ်တွင် တောက်ပနေသော အုတ်ဂူတစ်ခု လွင့်မြောနေသည်။ ဟာဆွန်သည် ထိုအုတ်ဂူ၏အောက် တွင် သေသပ်စွာထိုင်နေသည်။

ဟိုင်၊ အော်ဒရေး နှင့် ကျန်းယွင်တို့ ဟာဆွန်ကို ဝန်းထားကြသည်။ သို့သော် သူတို့၏အခြေအနေသည် မကောင်းပေ။ သူတို့သည် အသွင်ပြောင်းထားသော်လည်း သူတို့၏ အော်ရာများ နှင့် စွမ်းအင်တို့သည် ပုံစံမကျဖြစ်နေသည်။ သူတို့၏ စိတ်နှင့် ကီတို့သည် ချည်နှောင်ထားပုံရပြီး သူတို့၏ ဝိဉာဉ်မှာ ဆက်တိုက်တုန်နေသည်။

သို့သော် အနည်းဆုံး သူတို့သည် အသိရှိနေပြီး သတ်ဖြတ်ခြင်းရူးသွပ်မှုအတွင်းသို့ မကျရောက်ပေ။ သူတို့၏ စိတ်အတွင်းသို့ ကျူးကျော်နေသော နတ်ဆိုးစွမ်းအင်များကို ခုခံနိုင်ရန် ရုန်းကန်နေသေးသည်။

ဖိလစ်၊ မီအာ၊ စီစီလျာ၊ ဝူဖန်း နှင့် အခြားသူတို့၏ အခြေအနေသည် ပိုမိုဆိုးရွားနေသည်။ သူတို့တွင် မူလစွမ်းအင် မရှိသောကြောင့် သူတို့သည် ရူးသွပ်မှုအတွင်းသို့ ဆွဲသွင်းခြင်းခံနေရသည်။ သူတို့၏ မျက်လုံးများသည် လက်ဆက် ပူနွေးသောအသားကိုမြင်နေသော ဆာလောင်နေသော သားရဲများကဲ့သို့ဖြစ်နေသည်။ မည်သူမှ သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ကြတော့ပေ။

စီစီလျာကိုကြည့်ရင်း ရှီယန်သည် သူ၏တင်းမာနေသော အာရုံကြောများကိုဖြေလျော့လိုက်သည်။ သို့သော် ထိုသို့ပြုမူပြီးနောက် သူ၏မျက်နှာ မှောင်မဲသွားသည်။
၎င်းသည် တူညီသော အရိုးဖြူသွေးသန့်စင်ခြင်းအုတ်ဂူ ဖြစ်သော်လည်း ရှီယန်သည် သက်ရောက်ခြင်းမခံရပေ။ ရှီယန်တစ်ဦးတည်းကိုသာ ထို အရိုးဖြူသွေးသန့်စင်ခြင်းသရဲအုတ်ဂူ က မထိန်းချုပ်နိုင်ပေ။

ရှီယန်သည် ရွှမ်ရှန်း၏အရိုးများကို သေချာလေ့လာခဲ့ဖူးသည်။ နတ်ဆိုးစက်ဝန်း နှင့် ၎င်း၏အလုပ်လုပ်ပုံကို သူနားလည်သည်။ တစ်ချိန်တည်းမှာပင် ရှီယန်၏ သွေးဝိဉာဉ်ပင်လယ်တွင်လည်း ထိုစက်ဝန်းကဲ့သို့ တူညီသော သက်ရောက်မှုရှိသည်။ ထို့ကြောင့် သွေးပင်လယ်က သူ့ကို သက်ရောက်မှုမရှိခြင်းဖြစ်သည်။
သူသည် စက်ဝန်း၏ အလယ်သို့ တည်ငြိမ်စွာလျှောက်သွားပြီး ဟာဆွန် ဆီ ချည်းကပ်သွားသည်။ " မင်း ဘာလိုချင်တာလဲ"

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now