1144

330 43 0
                                    

Chapter 1144 : ချက်တာရစ် မိသားစု

နားပင်းမတတ် ဝံပုလေအူသံလို လေသည် တဖြည်းဖြည်းနီးကပ်လာသည်။ အကျည်းတန်ကြောက်စရာ မိုးကြိုးတွေသည်လည်း ထိုနေရာသို့ အပြေးအလွှားရောက်လာကြသည်။

အော်ဒရေး နဲ့ အမှောင်အင်ပါယာ မျိုးနွယ်စုဝင် လေးယောက်သည် ရှီယန် နဲ့  ကျန်းယွင် ရှေ့မှာပေါ်လာခဲ့သည်။ အော်ဒရေး၏ အေးစက်ပြီး မောက်မာသော မျက်လုံးများက သူတို့ နှစ်ယောက်ကို အကဲခတ်ရင်း ကျန်းယွင်ကို စိုက်ကြည့်ကာ မေးလိုက်သည်။ " မင်းဘယ်သူလဲ "

ဝိညာဉ်စွမ်းအင်စီးကြောင်းများက ပိုးချည်မျှင်များကဲ့သို့ ကျန်းယွင်၏ ခန္ဓာကိုယ် ကို တဖြည်းဖြည်းရစ်ပတ်လိုက်သည်။ အော်ဒရေး က ကျန်းယွင်၏ လျှို့ဝှက်ချက် အသေးအမွှားက အစ သိချင်နေခဲ့သည်။

ရှီယန် အရမ်း အံသြသွားသည်။ သူလည်းပဲ ကျန်းယွင်ကို မသေချာတဲ့မျက်နှာထားနဲ့ စိုက်ကြည့်လိုက်မိသည်။
ကျန်းယွင်ထံမှ ထွက်လာသော စွမ်းအင် လှိုင်းများကတော့ အလွန်ပင် သာမန်ဆန်နေ၏။ သူသည် ကောင်းကင်မွန်းစတားမျိုးနွယ်စုမှ ဆင်းသက်လာတဲ့သူဖြစ်သောကြောင့် သူ့မှာ အခြားမျိုးနွယ်တွေနဲ့ မတူညီတာတစ်ခုခုရှိသင့်သည်။ ဒါပေမယ့် ရှီယန်က ကျန်းယွင်၏ အဆင့် ၊ အော်ရာ နဲ့ နတ်ဘုရား ခန္ဓာကိုယ် ဟာ လူသားမျိုးနွယ်တွေနဲ့ ၁၀၀ ရာခိုင်းနှုန်းတူနေသည်ကို တွေ့နေရသည်။
သူက ကျန်းယွင်ဘယ်လိုလုပ်လိုက်လဲဆိုတာကို မသိပါ။ သို့သော် သေချာတာကတော့ အော်ဒရေးသည် မူမမှန်တာ တစ်ခုမှ မမြင်တွေ့ခဲ့ခြင်းပင်ဖြစ်၏။ အော်ဒရေး က ကျန်းယွင်၏ ပုံစံအမှန်ကို မဆုံးဖြတ်နိုင်ပါ။

နောက်တော့ အော်ဒရေး၏ တောက်ပသောမျက်လုံးများက ခဏတာ ရွေ့လျားသွားပြီး ဖြေလျော့လိုက်သည်။
"ငါက တခြားဖက်ကလာခဲ့တာ " ကျန်းယွင်က ပြုံးလိုက်ပြီး ရိုကျိုးစွာနဲ့ သူ့အနောက်က ပင်လယ်ပြင်ကို လက်ညိုးထိုးပြလိုက်သည်။ " ချက်တာရစ် မိသားစုရဲ့ ဟာဆွန်က ဒီနေရာကိုတာဝန်ယူရတယ်။ ငါ ဒီကိုမရောက်ခင်မှာ ဟာဆွန်က သူ့ရဲ့ရှင်းလင်းမှုကြီးကို လုပ်ပြီးနေပြီ။ ငါကလွဲ ပြီးတော့ တခြားသူတွေအကုန်အသတ်ခံလိုက်ရတယ်"
အော်ဒရေး၏ မျက်နှာမှာ ကြောက်ရွံ့မှု အရိပ်ယောင်များ ယှက်သန်းသွားသည်။ ရှီယန် နဲ့ အော်ဒရေးတို့ ကျန်းယွင်ကို သတိထားသွားသည်။ ဟာဆွန်ရဲ့ လက်ကနေ လွတ်နိုင်သောသူသည် အားနည်းစရာအကြောင်းမရှိပေ။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now