Chapter 1161: အချစ်ကို ရင်းနှီးမြှုပ်နှံခြင်း
အကုန်လုံးက အော်ဒရေးကို ထူးဆန်းစွာ ကြည့်လိုက်ကြသည်။
သူမက မဟာတောင်တန်းကြီးသည် ရှီယန်ကို စောင့်ကြည့်နေသည်ဟု ပြောခဲ့သည်။ ထိုအချက်သည် တခြားသူများအတွက် စိတ်ကူးမယဉ်ရဲစရာအချက်ဖြစ်သည်။ ထိုအချက်ကပင် သူတို့ကို ရယ်ချင်ပက်ကျိဖြစ်သွားစေသည်။
မည်သို့ဆိုစေ အော်ဒရေး ပုံစံသည် အလွန်တည်ကြည်လေးနက်နေသည်။
သူမ မျက်မှောင်ကြုတ်လိုက်သည်။ သူမ မျက်လုံးများက အနည်းငယ်ကဲ့ရဲ့လှောင်ပြောင်နေဟန်ပင်။ သူမက ပြောလိုက်သည်။ "အဲ့ဒါက ဘာမှားနေလို့လဲ"
အကုန်လုံးက သူမကို ထူးဆန်းသော အကြည့်နှင့် ကြည့်လိုက်ကြသည်။
"အဲ့ဒီမဟာတောင်တန်းက ဒီရှေးဟောင်းကုန်းမြေရဲ့ ပင်မဗဟိုပဲ။ အဲ့ဒါက နတ္ထိတောင်တန်းဖြစ်ပြီး နတ္ထိတောင်မှာ သူ့ကိုယ်ပိုင်အသိဥာဏ် နဲ့ ဆင်ခြင်ဥာဏ်တို့ရှိတယ်။ အဲ့ဒါက ဒီနေရာတစ်ခုလုံးရဲ့ တစ်ခုတည်းသော နတ်ဘုရားပဲ။ အဲ့ဒါကပဲ စည်းမျဉ်းဝိသေသတွေကို ချမှတ်ထားတာ" အော်ဒရေးသည် အသက်ပြင်းပြင်းရှူလိုက်ပြီးမှ ထပ်ပြောလိုက်သည်။ "အဲ့ဒါက ကိုယ်သည်သာ နတ်ဘုရားဖြစ်နိုင်တဲ့ ငါတို့ရဲ့ လွတ်မြောက်အကန့်အသတ်လိုပဲ။ အဲ့နေရာမှာ ငါတို့တွေ ဘာမဆိုကြိုက်တာလုပ်နိုင်ကြတယ်လေ။ ဒီနေရာမှာ နတ္ထိတောင်က နတ်ဘုရားပဲ။ အဲ့ဒါက ပြောင်းလဲမှုတစ်ခုစီတိုင်းကို မြင်နိုင်တယ်။ အသေးဆုံးတစ်ခုကိုတောင်ပေါ့"
အကုန်လုံး ကြောက်လန့်သွားကြသည်။
ဘယ်သူကမှ ရယ်ချင်စရာကောင်းသည်ဟု မခံစားမိကြတော့ပါ။
အော်ဒရေးက လုံလောက်အောင် ရှင်းလင်းပြတ်သားစွာ ပြောခဲ့ပြီးဖြစ်သည်။ သူမသည် ဤကမ္ဘာပေါ်က အထက်မြက်ဆုံးသိုင်းသမားအများစုရှိကြသည့်အုပ်စု ၊ အမှောင်အင်ပါယာမျိုးနွယ်စု၏ မင်းသမီး တစ်ပါးဖြစ်သည်။ ထို့အပြင် သူမသည် မူလစွမ်းအင်ကိုလည်း ပိုင်ဆိုင်ထားသည်။
နတ္ထိကြယ်သည် သာမာန်ရှေးဟောင်းကုန်းမြေမဟုတ်ကြောင်း သူတို့ သိထားကြသည်။ ၎င်းတွင် အသိဥာဏ် နှင့် ဆင်ခြင်ဥာဏ်တို့ ရှိသည်။ သူတို့က ထိုအချက်ကို လက်ခံနိုင်ကြလျှင် အော်ဒရေး၏ စကားကို နားလည်သဘောပေါက်ရန် အဘယ်ကြောင့် ခက်ခဲနေမည်နည်း။