1038

346 48 0
                                    

Chapter 1038: သရဲအရိပ်အကျဉ်းထောင်ဒေသ ဆူပွက်လာခြင်း

“ဘာ…စင်းယန်ပျောက်နေတယ် ဟုတ်လား…မုန်တိုင်းတပ်ဖွဲ့ သုံးပုံတစ်ပုံ ဆုံးရှုံးလိုက်ရတယ် ဟုတ်လား”
တိုက်ခိုက်ရေးအဖွဲ့အစည်း၏ ဌာနချုပ်က သရဲအရိပ်အကျဉ်းထောင်ဒေသတွင်း ကြယ်ပြာကြီးတစ်လုံးပေါ်တွင် တည်ရှိသည်။ ကြယ်၏ ဗဟိုတွင် စစ်နတ်ဘုရား ဘုရားကျောင်းကြီးရှိပြီး အထဲမှာတော့ ချောမောခန့်ငြားသော ယောက်ျားတစ်ယောက် ဒေါသပေါက်ကွဲလျှက်ရှိသည်။

ဖုန်းယန် အားတင်းကာ ပြုံးရင်း ခေါင်းကိုသာ ညိတ်ပြလိုက်ရသည်။

“ဘာဖြစ်ခဲ့တာလဲ” ဖုန်းဟန် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။ သူ့စိတ်ကိုငြိမ်အောင်ကြိုးစားနေသော်လည်း သူ့မျက်လုံးတွေက ဓါးသွားများနှယ် ထက်ရှနေသည်။

“ငါတို့ နံပါတ်၉သက်ရှိကြယ်မှာ ဆေးနှင့်ကိရိယာစံအိမ်နဲ့ အလုပ်ကိစ္စဆွေးနွေးဖို့ သွားခဲ့တယ်”
ဖုန်းယန်က သူကြုံတွေ့ခဲ့ရသမျှ အခြေအနေအားလုံးကို အသေးစိတ်ရှင်းပြလိုက်သည်။ သူမ တစ်ချက်မှ ထိန်ချန်မထားဝံ့ပါ။

ဖုန်းဟန် အတန်ကြအောင် တိတ်ဆိတ်နေသည်။ ပြီးမှ အေးစက်စွာဖြင့်
“ကနဦးနတ်ဘုရား တတိယအဆင့်တစ်ယောက်က ၀င်ပါခဲ့တယ်လို့ မင်းပြောခဲ့တယ်နော်”

“ကနဦးနတ်ဘုရား တတိယအဆင့်ရောက်နေသူမဟုတ်ရင် အမှောင်ရိပ်ကလန်ရဲ့ ကော်ကာကို ဘယ်လိုလုပ် တမဟုတ်ချင်း သတ်ဖြတ်နိုင်မှာလည်း။ ပြီးတော့ နောက်ထပ် သိုင်းသမား ထောင်နဲ့ချီပြီး အသံတိတ်သတ်ဖြတ်သွားသေးတယ်”
ဖုန်းယန်က ခါးသည်းစွာပြောသည်။

“ကော်ကာ တကယ်သေပြီလား” ဖုန်းဟန် မျက်မှောင်ကြုတ်ကာနေသည်။

“ငါ အဲ့ဒါကို အတည်ပြုနိုင်ပါတယ်”

“မကောင်းတော့ဘူး…ကော်ကာက ကေဒါရဲ့ ညီပဲ။ အမှောင်ရိပ်ကလန်မှာ ကေဒါဆိုတာ ကနဦးနတ်ဘုရား ဒုတိယအဆင့် စွမ်းအင်ကျင့်ကြံမှုအခြေပိုင်ဆိုင်ထားတဲ့ပညာရှင်။ သူ သေချာပေါက် ပေါက်ကွဲမှာပဲ”
ဖုန်းဟန်ကအတန်ငယ်စဉ်းစားလိုက်ပြီးနောက် အမိန့်ပေးလိုက်သည်။
“ငါတို့ စစ်သည်တော်တွေကို ပြောထားလိုက်။ အမှောင်ရိပ်ကလန်၀င်တွေကို စောင့်ကြည့်ဖို့နဲ့ တစ်စုံတစ်ရာ ထူးခြားတာရှိရင် ချက်ခြင်းသတင်းပို့ဖို့။ အမှောင်ရိပ်ကလန်ရဲ့ လျှို့ဝှက်စခန်းကနေ ကေဒါ ထွက်လာလိမ့်မယ်။ ငါတို့ဘက်ကလည်း တိုက်စစ်ကို မြှင့်တင်ထားရမယ်”

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now