Chapter 1199: လူစုံတက်စုံ
ဆန်းကြယ်မြူခိုးကြယ်နယ်မြေ၊ သမုဒ္ဒရာပိုင်နက်၌
ပေါ်တာသည် ငါးတစ်ကောင်နဲ့ တူသည့် သေးသွယ်ကျဉ်းမြောင်းသော စစ်သင်္ဘောတစ်ခု၏ ကုန်းပတ်ပေါ်၌ မတ်တပ်ရပ်နေသည်။ သူ့မျက်နှာအမူအယာသည် လေးလံဖိစီးနေပြီး သူ့လက်အောက်ငယ်သားများကို အဆက်မပြတ် တစ်ခုခု မေးနေသည်။
ပေါ်တာဆိုသည်မှာ ဆန်းကြယ်မြူခိုးကြယ်နယ်မြေ၏ ထူးချွန်သော ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ သူသည် မီးမခအင်အားစု၏ အရာအားလုံးကို ထိန်းချုပ်ထားသည်။ တခြားခေါင်းဆောင်များက သူ့အမိန့်ကိုသာ နာခံလိုက်နာကြသည်။ သူသည် ဆန်ကြယ်မြူခိုးကြယ်နယ်မြေတွင် အင်အားအကြီးဆုံး ယောကျာ်းဖြစ်ပြီး ကနဦးနတ်ဘုရား တတိယအဆင့်ကို ရောက်နေသူဖြစ်သည်။
သို့သော် ပေါ်တာသည် အခုလက်ရှိ၌ ဆိုးဆိုးရွားရွား ခေါင်းကိုက်နေသည်။
သူ့ညွှန်ကြားမှုအောက်၌ နေရသည့် သိုင်းသမားများသည်လည်း ယောက်ရက်ခတ်နေကြသည်။ တစ်ယောက်ချင်းစီက သူတို့ပါးစပ်နား အသံကျောက်တုံးကို ကိုင်ထားပြီး အခြေအနေကို သိနိုင်ရန် အော်ဟစ်ပြောဆိုနေကြသည်။
ပေါ်တာသည် မီးမခအင်အားစု၏ အခြေစိုက်စခန်း၌သာ နေထိုင်နေခဲ့သည်။ သူ ကျင့်ကြံနေစဉ်၌ သမုဒ္ဒရာပိုင်နက်က ကသောင်းကနင်းအဖြစ်အပျက်ကို ကြားခဲ့ရသည်။ သူသည် လျို့ဝှက်ပို့ဆောင်ရေးအစီအရင်ဖြင့် ဤနေရာသို့ မြန်မြန်လာခဲ့ခြင်းဖြစ်သည်။
သမုဒ္ဒရာပိုင်နက်၏ ယခုလက်ရှိအခြေအနေသည် လုံးဝသာမာန်မဟုတ်ပါ။
မကြာသေးခင်ကမှ စပြီး စစ်သင်္ဘောအများအပြားသည် သမုဒ္ဒရာပိုင်နက်ထို့ ထပ် ထပ်ရောက်လာခဲ့ကြသည်။ ထိုစစ်သင်္ဘောများသည် မတူညီသော မျိုးနွယ်စုပေါင်းစုံက သိုင်းသမားများကို သယ်ဆောင်ထားကြသည်။ သူတို့အားလုံး၌ ထကြွနေသည့် သတ်ဖြတ်လိုစိတ်အရှိန်အဝါများရှိနေသည်။
သူ့လက်အောက်ငယ်သားများ၏ တင်ပြချက်ကို နားထောင်ပြီး ပေါ်တာသည် အရမ်းဂနာမငြိမ်ဖြစ်နေသည်။ ချက်ချင်းပင် သူသည် ဖြစ်ပျက်သည့်နေရာသို့ ကိုယ်တိုင်လာခဲ့ပြီး မီးမခအင်အားစု၏ ခေါင်းဆောင်များအားလုံးကို ခေါ်လိုက်သည်။ အပြင်ဘက်၌ ဘာဖြစ်ပျက်နေသလဲဆိုသည်ကို သူ သိချင်သည်။