1130

333 48 0
                                    

Chapter 1130: လှည့်ကွက်ဟောင်း

မကြာသေးသည့် အချိန်တုန်းက ကန်သည် ကြည်လင်ငြိမ်သက်နေခဲ့သည်။ ယခုအခါ ၎င်းသည် မြေကြီးပေါ်က ငရဲ ဖြစ်လာခဲ့သည်။ ၎င်းသည် ပိုင်ဟောက်တို့အဖွဲ့နဲ့ အန်ဒိုကို ဝါးမြိုလိုက်ပြီး အရိုးတစ်ခုလေးပင် မချန်ထားခဲ့ပါ။

ကန်ကို ငရဲ၏ အလယ်ဗဟိုအဖြစ်ထားလျှင် ပတ်ဝန်းကျင်သည် ကမ္ဘာပျက်သည့်နေ့ ပုံရိပ်နဲ့ တူနေသည်။ တုန်လှုပ်စရာ ပြောင်းလဲမှုကြီး ဖြစ်ပေါ်လာခဲ့သည်။ မြေအောက်မှ အလွန်ပြင်းထန်သည့် အဖျက်စွမ်းအင်များထွက်ပေါ်လာခဲ့သည်။ တအုန်းအုန်းပေါက်ကွဲမှုများကြား၌ မြေကြီးသည် တုန်ခါသွားပြီး လျှို့ဝှက်အစီအရင်များကို နှိုးဆွလိုက်သည်။

စူးရှချွန်ထက်သည့် ဆူးမျှင်များ ထွက်ပေါ်လာပြီး မိုးစက်များပမာ ကျလာခဲ့သည်။

ထိုစူးရှချွန်ထက်သည့် ဆူးမျှင်များသည် ရွှေရောင်အဆင်းနှင့် ငွေရောင်အဆင်းရှိကြသည်။ ၎င်းတို့သည် အပ်ချောင်းများထက်ပင် အများကြီး သေးငယ်ကြသော်လည်း ပိုချွန်ထက်ကြသည်။ နတ်ဘုရားခန္ဓာကိုယ် သို့မဟုတ် ဝိဥာဉ်ယဇ်ပလ္လင်သို့ အလွယ်တကူ ဝင်သွားနိုင်ကြသည်။ ဖာနန်ဒက်မိသားစုမှ သိုင်းသမားအများအပြားသည် သူတို့ ခန္ဓာကိုယ်ပေါ်၌ သွေးစီးထွက်သည့် အပေါက်ကလေးများ အများအပြားရှိလာခဲ့သည်။

ရွှစ်…ရွှစ်…

ပတ်ဝန်းကျင်အနီးနားရှိ သစ်ရွက်များနဲ့ အကိုင်းအခက်များမှ ထူးဆန်းသည့် အသံများ ပဲ့တင်ထွက်လာခဲ့သည်။ ကြီးမားသည့် မိုးကြိုးများ ပစ်ထွက်လာပြီး သူတို့၌ ကိုင်ပိုင်အသိဥာဏ်ရှိသည့်ပမာ မီအာ နဲ့ ယွီမာန်တို့အဖွဲ့ကို ပစ်မှတ်ထားကြသည်။

နောက်ထပ် ပူပြင်းတောက်လောင်နေသည့် မီးလျှံအစုအပြုံများသည်လည်း မြေအောက်မှ ထွက်ပေါ်လာခဲ့သည်။ မိုးထိတိုင် ပျံတက်ဖုံးလွှမ်းကာ ဖာနန်ဒက်မိသားစု၏ သိုင်းသမားများအပေါ် ပိတ်လှောင်ထားလိုက်သည်။

သိပ်သည်းသည့် မိုးနှင်းများနှင့် ရေခဲပန်းဆွဲများ ၊ လျှပ်စီးမိုးကြိုးများသည် ပဲ့တင်သံမျိုးစုံမြည်ဟည်းနေကြသည်။ မြေကြီး ကွဲအက်သွားသည့်အချိန်၌ ချွန်ထက်သည့် လှံတံများ မြေကြီးထဲမှ ထွက်ပေါ်လာကြသည်။ အစီအရင်များအားလုံးသည် တစ်ပြိုင်နက် လှုံ့ဆော်ခံရပြီး ကန်ပတ်ပတ်လည်ကို ကမ္ဘာပျက်သည့်နေ့ ပုံရိပ်သဖွယ် ဖြစ်သွားစေသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now