1175

348 43 0
                                    

Chapter 1175: ငါးနှစ်တာကာလ

မိုးနဂါး၊ ကျားဖြူ၊ မီးလျှံငှက်နှင့် လိပ်နက်တို့သည် ကောင်းကင်မွန်းစတားမျိုးနွယ်စု၏ ကြီးမြတ်သောဘိုးဘေး လေးပါးဖြစ်သည်။ မီးလျှံ ငှက် နှင့် လိက်နက်သည် ကျဆုံးခဲ့ပြီး သူတို့၏ ရုပ်ကြွင်းများသည် ကျယ်ပြန့်သော ကြယ်တာရာပင်လယ်တစ်နေရာတွင် ရှိနေသည်။

ရှီယန်သည် မီးလျှံငှက် ၏ ရုပ်ကြွင်းကို ကံကောင်းစွာတွေ့ခဲ့သည်။ ၎င်းသည် သူ၏ အစစ်အမှန်မီးငှက်မီးလျှံ ကို အဆင့်မြင့်စေရန် ကူညီခဲ့သည်။ အမည်းရောင်လိပ်ကြီး၏ အရိုးစုသည် ယခုတွင် ဇူရှီပိုင်ဆိုင်နေပြီး သူမ၏ အမွေခံစွမ်းအင်အဖြစ်သို့ပြောင်းလဲသွားပြီဖြစ်သည်။ ထိုစဉ်က မိုးပြာရောင်နဂါး နှင့် ကျားဖြူတို့ မည်သည့်နေရာတွင်ရှိနေမှန်း မည်သူမှမသိကြပေ။

ယနေ့တွင် ရှေးဟောင်းကုန်းမြေ၏ အလယ်ဗဟိုတွင် ကျန်းယွင်သည် နတ္ထိတောင်တန်းကြီးအနီးတွင် ကျားဖြူရုပ်ကြွင်းကို တွေ့ရှိခဲ့သည်။ ထိုသားရဲ၏ အရိုးစုသည် မီတာ ထောင်ပေါင်းများစွာရှိသော မြင့်မားသောတောင်တန်းကြီးတစ်ခုသဖွယ် အရှိန်အဝါရှိသည်။ ၎င်းသည် အဖြူရောင်သန်းနေပြီး အဖြူရောင် မဟူရာကျောက်ခဲ့သို့ အရောင်ဝါထွက်ကာ လှပနေသည်။ အရိုးစုသည် ကြမ်းတမ်း သွေးဆာနေသော အော်ရာကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။

ကျားဖြူသည် သတ်ဖြတ်ခြင်းကိုယ်စားပြုဖြစ်သည်။ ကောင်းကင်မွန်းစတားမျိုးနွယ်စု၏ မျိုးရိုးဗီဇစာအုပ်တွင် ၎င်း၏ အသေးစိတ်ကျသောမှတ်တမ်းရှိသည်။ ကျားဖြူသည် နတ်ဘုရားကလန်၏ ချက်တာရစ်မိသားစုကဲ့သို့ မိစ္ဆာကလန်၏ သေခြင်းမဲ့မိစ္ဆာမျိုးနွယ်ကဲ့သို့ ကောင်းကင်မွန်းစတားမျိုးနွယ်စု၏ အနွယ်အခွဲဖြစ်သည်။ သူတို့သည် သူတို့ကလန်အသီးသီး၏ အကောင်းဆုံးသော စစ်သည်များဖြစ်ကြသည်။

ကျန်းယွင်သည် ကျားဖြူ၏ ဧရာမ အရိုးစုကို ပွတ်သပ်လိုက်သည်။ သူ၏ မျက်နှာတွင် တည်ကြည်သော မှော်ဆန်သောပြောင်းလဲမှုများ တိတ်ဆိတ်စွာဖြစ်နေသည်။
သူ၏ အရေပြားတွင် ကျားကဲ့သို့ အစင်းကျားများပေါ်လာသည်။ ကျားဖြူမျိုးနွယ်ကို အတည်ပြုစေနိုင်သော "ဘုရင်" ဆိုသောစာလုံးသည် သူ၏ နဖူးတွင်ပေါ်လာသည်။
ကျန်းယွင်သည် မြတ်မြတ်သားရဲ ကျားဖြူ၏ မျိုးရိုးဆက်ခံသူဖြစ်သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now