1104

313 40 0
                                    

Chapter 1104: ကြယ်စင်သစ်သီးပင်

ပိုင်ဟောက်သည် သူ့လက်ညိုးဖြင့် ထိုးလိုက်သည်။ အစိမ်းရောင်အလင်းတန်းတစ်ခုသည် သူ့လက်ဖျားထိပ်မှ အဆုံးမရှိအသူရာချောက်နက်ထဲသို့ ကျသွားသည့် ပျော့ပျောင်းသော ကြိုးတစ်ချောင်းပမာ ထွက်ကျလာခဲ့သည်။

၀ှစ်…

သူ့အလင်းတန်းသည် ရုတ်တရက်အပိုင်းပိုင်း ဖြာထွက်သွားပြီး အလင်းစက်များအဖြစ် ပြောင်းလဲသွား၍ ထိုအသူရာချောက်နက်၏ အလယ်သို့ ကွဲကြေသွားသော ဖန်အပိုင်းအစများပမာ ကျဆင်းသွားသည်။

၎င်းအဆုံးအရှိအသူရာချောက်နက်မှ စွမ်းအင်အတက်အကျတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုမြေအောက်မှ တစ်စုံတစ်ခု ထွက်ပေါ်လာနေ၏။ မမြင်နိုင်သော အင်အားတစ်ခုက ရွှံ ၊ နွံ နဲ့ မြေဆီလွှာအထပ်လိုက်ကို ဖြတ်ပြီး တစ်ခုခုကို တွန်းထုတ်နေဟန်ပေါ်သည်။

ပိုင်မိသားစု၏ သိုင်းသမားသုံးယောက်သည် မျက်စိမှေးလိုက်ကြသည်။ သူတို့မျက်လုံးထဲ ထူးဆန်းသော အလင်းတန်းများ လင်းလက်လာသည်။ သူတို့၏ စွမ်းအားများကို တိတ်တဆိတ် စုဆောင်းလိုက်ကြသည်။

မီအာ၏ လှပသော မျက်ခုံးများ တွန့်လာခဲ့သည်။ သူမကိုယ်သူမ ပြန်ထိန်းချုပ်ရင်း ပြုံးလိုက်သည်။ သေးသွယ်သော သူမ လက်ချောင်းဆယ်ခုက ဆဠဂံပုံသဏ္ဍာန်ရှိသည့် သလင်းကျောက်ကို ဆုပ်ကိုင်ထားပြီး ၎င်းမှ နတ်ဘုရားအလင်းတန်းများ ဖြာထွက်စေလိုက်သည်။

ညစ်ပတ်ပေရေနေသည့် ဗွက်အိုင်ထဲမှ အစိမ်းရောင်ဥက္ကာခဲတစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာနေသည်။ ထိုဥက္ကာခဲပုံစံသည် သိပ်မထင်ရှားပါ။ ၎င်း၏ ထုထည်က အောက်ပိုင်း ရှူးကာ အထက်က ကြီးမားပြန့်ကားသွားသည်။ စိမ်းဖန့်ဖန့်အရှိန်အဝါများက ကျောက်တုံးတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ ထိုကျောက်တုံးမှ ထုတ်လွှတ်သော စွမ်းအားသည် အမှန်တကယ် စူးရှလှပါသည်။

ထိုကျောက်တုံးသည် သစ်ပင်ငယ်တစ်ပင်နှင့် တူပြီး ကွဲအက်ရာအများအပြားရှိသည်။ ၎င်းကွဲအက်ရာများတွင် အစိမ်းရောင်အလင်းတန်းများက ပိုထူထပ်သည်။ သူတို့အကြည့်များက ထိုကွဲအက်ရာများကို ထိုးဖောက်ကြည့်လိုက်သောအခါ ကျောက်တုံးထဲတွင် တစ်စုံတစ်ခုရှိနေသည်ကို မြင်ရသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now