Chapter 1126: ရေကန်အောက်မှ ကြောက်မက်ဖွယ်အစီအရင်
ဤချိုင့်ဝှမ်းက ဗွက်ထူနေသည့် လမ်းဖြစ်သည့်အပြင် မြွေတစ်ကောင်ပမာ တွန့်လိမ်ကောက်ကွေ့နေသေးသည်။ အကြွေစေ့ အရွယ်အစားလောက်ရှိသည့် သစ်ရွက်များသည် မည်းနက်နေသည့် ရေပြင်ထက်၌ လွင့်မျောနေကြပြီး အဆိပ်ရှိဓာတ်ငွေ့များကို ခပ်ပါးပါး ထုတ်လွှတ်နေကြသည်။
မီအာသည် ယွီမာန် နဲ့ ဖာနန်ဒက်မိသားစု၏ သိုင်းသမားများကို ခေါ်ပြီး စိမ့်တောအလယ် ကျဉ်းမြောင်းသည့် လမ်းကြောင်းတစ်လျှောက်၌ သာမာန်နှုန်းနဲ့ ရွေ့လျားနေကြသည်။ ယွီမာန်သည် အေးဆေးသက်သာစွာ ရှိနေသည်။ ရန်သူများ၏ ခြေရာနောက်လိုက်ရန် သူ့စွမ်းအားကို နောက်ထပ်အသုံးပြုဖို့ မလိုတော့ပေ။
ဟိုင်က ခဏခဏ သူတို့ကို လမ်းကြောင်းပြောပြနေသဖြင့် သူ အားနေသည်။ ဟိုင်၏ ဝိဥာဉ်အသိသည် ယွီမာန် သူ့စွမ်းအားဖြင့် ခြေရာခံခြင်းထက် ပိုကျယ်ပြန့်သည့် ဧရိယာကို မြန်မြန်ဆန်ဆန် နဲ့ လွှမ်းခြုံပြီး ပိုမိုတိကျစွာ သိနိုင်သည်။ ထိုကြောင့် သူ့စွမ်းအားကို ဖြုန်းရန် မလိုအပ်တော့ပါ။
သူတို့ သွားနှုန်းသည် သိပ်မမြန်ပါ။ မီအာက သူတို့ကို သိပ်အလျင်မလိုရန် ပြောထားသည်။ သူတို့၏ စွမ်းအားများကို ပြန်ဖြည့်ရန် အရင်စဉ်းစားထားသင့်သည်။
ဖိလစ် နဲ့ ဟိုင် တို့သည်လည်း ရှီယန် ရှိသည့်နေရာဘက်သို့ သွားနေကြကြောင်း မီအာ ရှင်းရှင်းလင်းလင်း သိထားသည်။ အကွာအဝေးကို နှိုင်းယှဉ်လျှင် သူမတို့အဖွဲ့က ပိုနီးကပ်နေသည်။ အကယ်၍ မမျှော်လင့်စရာတစ်ခုခု ဖြစ်မလာခဲ့လျှင် ရှီယန်တို့အဖွဲ့ကို သူမတို့က အရင်တွေ့ကြမည်ဖြစ်သည်။
သို့သော် ၎င်းသည် မီအာ မြင်ချင်သည့် အရာမျိုးမဟုတ်ပါ။
မော့ဖူ ၊ ဝူဖန်း နဲ့ တခြားသူများသည် လွတ်လမ်းမရှိသည့် အခြေအနေသို့ ရောက်နေကြပြီဟု မီအာ ထင်မှတ်ထားသည်။ ဟိုင် ရောက်လာမှုက သူတို့ ကံကြမ္မာကို ဆုံးဖြတ်ပေးပြီးသားဖြစ်သည်။ သူတို့သည် အလွန်ကျဉ်းကျပ်သည့် အခြေအနေသို့ ပြန်ရောက်သွားကြပြီဖြစ်သည်။ အကယ်၍ သူမတို့အဖွဲ့က သူတို့ကို အရင်တွေ့ပြီး အခြေအနေ မကောင်းခဲ့လျှင် ၊ တဖက်သားများက သူတို့၏ အသက်ကို စွန့်စားခဲ့ကြလျှင် ၊ ၎င်းက သူမတို့အဖွဲ့ကို ကြီးမားသည့် ဆုံးရှုံးမှု သယ်ဆောင်လာပေးနိုင်သည်။