Chapter 1137: ကောင်းကင်မွန်းစတားမျိုးနွယ် နဲ့ အမှောင်အင်ပါယာမျိုးနွယ်
“ခဏနေပါအုံး။ မင်း ပြောတဲ့ ကောင်းကင်မွန်းစတားမျိုးနွယ်က ဘာလဲ” ရှီယန်က အမောတကောနဲ့ ကြားဖြတ်ပြောလိုက်သည်။
ကျက်သေရကုန်းမြေသည် ရှေးဟောင်းကုန်းမြေများထဲမှ တစ်ခုဖြစ်သည်။ ၎င်းကို ရှီယန် နားလည်ပါသည်။ သို့သော် ကျက်သေရေကုန်းမြေ၌ ပေါ်ပေါက်ခဲ့သည်ဟု ရှန်းယင်းယွီ ပြောသည့် ကောင်းကင်မွန်းစတားမျိုးနွယ်ကို သူ မသိပါ။
ရုတ်တရပ် ကောင်းကင်မွန်းစတား ဟူသည့် စကားကို သတိရသွားသည်။
အရှေ့ပင်လယ်ရှိ ကောင်းကင်ပယ်လယ်နယ်မြေအစွန်း၌ ကောင်းကင်သားရဲတောင်တန်းဟု ခေါ်သည့် တောင်တန်းတစ်ခု ရှိသည်။ တစ္ဆေသားရဲ၊ သိဒ္ဒိဝိညာဉ်နတ်ဘုရား၊ ရွှေပိတုန်းနှင့် မိစ္ဆာပိုးမွှားဘုရင်တို့သည် ကောင်းကင်သားရဲတောင်၌ အမွေရရှိကြပြီး အာဂါတေးကြယ်နယ်မြေသို့ ခေါ်ဆောင်သွားသည့် ဟင်းလင်းပြင်လမ်းကြောင်းကို ရှာတွေ့ခဲ့ကြသည်။ အဲ့ဒါနဲ့များ တစ်ခုခုပတ်သက်နေမလား။
သူ ဇဝေဇဝါဖြစ်သွားသည်။
“ငါကြားတာတော့ ကျက်သရေကုန်းမြေက ရှေးဟောင်းမွန်းစတားမျိုးနွယ်စုကို ရှေးဟောင်းသက်ရှိတွေလို့ ခေါ်ကြတယ်တဲ့။ ဒဏ္ဍာရီအရ မီးလျှံငှက်၊ နတ်ကျားဖြူ၊ ကမ္ဘာလိပ်နက်နဲ့ မိုးနဂါးတို့ပါဝင်တဲ့ မဟာသားရဲလေးကောင်က ကောင်းကင်မွန်းစတားမျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့ ဘိုးဘေးတွေဖြစ်ကြတယ်။ စီစီလျာ ပြောခဲ့တယ်လေ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့တဲ့ သွေးချောင်းစီးတိုက်ပွဲကြောင့် အမှောင်အင်ပါယာမျိုးနွယ်စု ကျဆင်းသွားပြီး သူတို့ကို နှစ်ပေါင်းအများကြီး ပျောက်ကွယ်သွားစေခဲ့တယ်လို့။ အဲ့သူတို့နဲ့ တိုက်ခိုက်ခဲ့တဲ့မျိုးနွယ်စုက ကောင်းကင်မွန်းစတားမျိုးနွယ်စုပဲ။ အဲ့တိုက်ပွဲရဲ့ အကျိုးဆက်ကတော့ အမှောင်အင်ပါယာမျိုးနွယ်က အခုချိန်ထိ ပြန်ပြီးနလန်မထူနိုင်သေးဘူး။ ကောင်းကင်မွန်းစတားမျိုးနွယ်ကျတော့ တံခါးပိတ်ပြီး သီးခြားနေထိုင်ခဲ့ကြတယ်။ သူတို့ရဲ့ဘိုးဘေးကြယ်နယ်မြေဖြစ်တဲ့ ကျက်သရေကုန်းမြေနဲ့ အတူတူ ပျောက်ကွယ်သွားခဲ့တယ်ထင်တယ်။ ဘယ်သူကမှ သူတို့ကို ရှာမတွေ့နိုင်ကြတော့ဘူး” ရှန်းယင်းယွီက ပြောလိုက်သည်။