Chapter 1092: သွေးသန့်စင်ခြင်း
ကန်အထက်ရှိ ကောင်းကင်ကြီးသည် လျှပ်စီးများဖြင့် ဖုံးလွှမ်းခြင်းခံလိုက်ရသည်။ လျှပ်စီးစက်ဝန်းများသည် အလင်းကွန်ရက်တစ်ခုပမာ ယှက်ဖြာသွားကြပြီး ရှီယန်ဘက်သို့ လွှမ်းခြုံပစ်လွင့်လာသည်။
တောင်ပေါ်မှ ကျောက်တုံးများ လျောကျလာသည့်ပမာ အသံတဝုန်းဝုန်းမြည်နေသော မိုးကြိုးလျှပ်စီးများအောက်၌ မိန်းကလေးသည် အံကြိတ်ထားသည်။ သူမ၏ ချောမွေ့သောမျက်နှာသည် အေးစက်နေ၏။ ရက်စက်ကြမ်းတမ်းသော လျှပ်စီးနဂါးများသည် သူမ ခန္ဓာကိုယ်ပတ်ပတ်လည်၌ ကြောက်စဖွယ်အရှိန်အဟုန်နဲ့အတူ ချာချာလည်ပတ်နေကြသည်။ ကျဉ်းမြောင်းသော သူမ မျက်လုံးများက လျှပ်စီးတန်းများကို ထုတ်လွှတ်နေ၏။
ရှီယန် ရင်ထိတ်သွားသည်။
ထိုမိန်းကလေးသည် လွတ်မြောက်နတ်ဘုရား တတိယအဆင့်ကို ရောက်နေသည်။ သူမက လျှပ်စီး နဲ့ ရေခဲစွမ်းအင်အသိ နှစ်ခုစလုံးကို ကျင့်ကြံထားဟန်ပင်။ သူမသည် စွမ်းအင်အသိနှစ်ခုလုံး၌ အထူးကောင်းမွန်သော အောင်မြင်မှုများ ရရှိထားသည်။ လျှပ်စီးများ ရှီယန် ဘက်သို့ စတင်ကူးခတ်လာချိန်၌ မိုးနှင်းမုန်တိုင်းလည်း ကောင်းကင်ပေါ်မှ စတင်ရွာကျလာသည်။ လူ့ဦးခေါင်းအရွယ်အစားလောက်ရှိသော ကျောက်တုံးများသည် ပြင်းထန်စွာ ပြုတ်ကျလာပြီး ရေခဲတမျှ အေးစက်သော စွမ်းအင်နဲ့အတူ လိမ့်ဆင်းလာကြသည်။
ထိုအချိန်၌ ပတ်ဝန်းကျင်၏ အပူချိန်သည် အများကြီးကျဆင်းသွားသည်။ လျှပ်စီးများက ကန်ကို ရိုက်ခတ်လိုက်ပြီးနောက် ၎င်းကန်သည် ဆိုးဆိုးရွားရွား ပျက်စီးသွားသည်။ ညစ်ပတ်နေသော ရေများသည် ပတ်၀န်းကျင်မှ သစ်ပင်သစ်ရွက်များပေါ် စင်ကုန်သည်။
မိန်းကလေးက ရှီယန်သူမကို ချောင်းကြည့်သည်ဟု အထင်ရောက်သွားဟန်တူ၏။ သူမ အလွန်စိတ်တိုသွားသဖြင့် သူမ မျက်နှာများပင် ခရမ်းရောင်အဖြစ် ပြောင်းလဲသွားသည်။ သူမ၏ တိုက်ခိုက်မှုများသည် ပတ်ဝန်းကျင်မှ အားကြီးသော လှိုင်းများ ထစေပြီး လေပြင်းများ တိုက်ခတ်စေနိုက်သည်။ သူမ၏ ပြင်းထန်ပူလောင်သည့် လျှပ်စီးသည် နေရာတစ်ခုလုံးကို ခလောက်ဆန်သွားစေပြီး ဘယ်အရာကိုမှ အကောင်းအတိုင်း ချန်မထားခဲ့ပါ။