1077

326 47 0
                                    

Chapter 1077: အစီအရင် တည်ဆောက်ခြင်း

ဗူးသီးပုံကျွန်းရှိ အမြင့်ဆုံးတောင်ထွတ်တစ်ခုပေါ်တွင်…

တောင်ထိပ်က ဓါးဖြင့်တိတိရိရိဖြတ်ထားသလို ချောမွေ့ညီညာနေသည်။ ဒါဇင်ပေါင်းများစွာသော အမျိုးအစားမတူညီသည့် ကုန်ကြမ်းပစ္စည်းများအားလုံးကို မြေပြင်ပေါ်တွင် စုပုံထားသည်။ အရောင်အသွေးမျိုးစုံသော အလင်းစက်အလင်းပွင့်များ မျက်စိကျိန်းမတတ်တောက်ပနေသည်။ အချို့က ရေခဲတမျှအေးစက်သော ပုံဆောင်ခဲများ၊ အချို့က ပူနွေးသော ကျောက်မျက်ရတနာများနှင့် အခြားအရာ၀တ္ထုများစွာပါ၀င်သည်။

တောင်ထိပ်တွင် လူငယ်လေးတစ်ယောက် မျက်မှောင်ကြုတ်ရင်း ငြိမ်သက်စွာရပ်နေသည်။ သူ့မျက်လုံးများက အာရုံစူးစိုက်စွာကြုံ့နေသည်။

သပ်ရပ်သော ဟင်းလင်းပြင်ဓါးသွားများက အလွန်တိကျကျွမ်းကျင်သော ပန်းပဲသမားတစ်ယောက်၏ ဓါးများသဖွယ် လေထုကို ဖြတ်ကာ ပျံဝဲနေသည်။
ရှီယန် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်တိုင်း ဟင်းလင်းပြင်ဓါးသွားများက မှော်ကျောက်တုံးများပေါ်တွင် တိကျသပ်ရပ်သော လမ်းကြောင်းများ ထွင်းထုပေးနေသည်။

ဒီတစ်ကြိမ်ရရှိလာသော ဗလာစိတ်ကူးယဉ်သလင်းက တစ်မိုင်ပတ်လည်မျှ ကြီးမားထူထဲသည်။ ၎င်းက ကြည်လင်ရှင်းသန့်ပြီး အရည်အသွေးအကောင်းဆုံးကျောက်စိမ်းကဲ့သို့ လဲ့ဖြာနေသည်။ သေချာကြည့်မည်ဆိုလျှင်တော့ ဆံချည်မျှင်အရွယ်ခန့် လမ်းကြောင်းသေးသေးလေးများက ကျောက်တုံးအနှံ့ထွက်ပေါ်လာသည်ကိုမြင်ရမည်။ မမြင်ရသောလက်များက ကျောက်တုံးတစ်ခုလုံး လျှောက်သွားကာ ထွင်းထုနေသကဲ့သို့ဖြစ်သည်။

ထက်မြသော ဟင်းလင်းပြင်ဓါးသွားများက ကျောက်တုံးမျက်နှာပြင်ပေါ်တွင် ရွေ့လျားနေကြသည်။ တကျွီကျွီမြည်သံများနှင့် တိကျသပ်ရပ်သော လမ်းကြောင်းများ ထွင်းထုနေကြသည်။

ဝုန်း…

သူ့လက်ဖဝါးမှ မီးတောက်မီးလျှံများ အစုအပြုံလိုက်ထွက်ပေါ်လာသည်။ မှော်ဝိညာဉ်များကဲ့သို့ လေထဲတွင်မျောနေပြီးနောက် တဖြည်းဖြည်း လှပသော မျဉ်းကြောင်းများအဖြစ် ပြောင်းလည်းသွားသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Donde viven las historias. Descúbrelo ahora