Chapter 1100: ကိုယ်ပွားဝိညာဉ်၏ စွမ်းပကား
ရွှံ့ရုပ်လူသည် ရုတ်တရက် မြေကြီးထဲ ပြန်လည်တိုး၀င်ပျောက်ကွယ်သွားသည်။ သူက လက်တစ်သောင်းတစ္ဆေကြိမ်ပင်၏ ဝိညာဉ်အမျှင် စုစုပေါင်း၏ ထက်၀က်မျှကို ဝါးမျိုသွားဟန်ရသည်။ ကောင်းကင်မှအုပ်မိုးနေသော ဧရာမ လက်ခြောက်ဖက်မှ တောင်တန်းကြီးတွေလိုဖိအားကို ပေးထားရစ်ခဲ့သည်။
ကောင်းကင်ကိုဖြတ်စီးလာသော ငွေရောင်မြစ်ကြီးနှစ်စင်းက ထိုလက်ကြီးများကို ရစ်ခွေချုပ်နှောင်ထားစဉ် ထောင်ပေါင်းများစွာသောမိုးကြိုးသွားများ က ဒေါသတကြီးပစ်ချသည်။ ပတ်၀န်းကျင်တွင်ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားသည်။
သံတုံးသံခဲကြီးလို တုတ်ခိုင်သန်မာသော ယောက်ျားကြီးတော့ သံမဏိတူကြီးကို ထမ်းရင်း ဘေးထွက်ရပ်နေသည်။ ဘာပဲဖြစ်ဖြစ် သူက ဤတိုက်ပွဲတွင် မပါ၀င်လိုခဲ့ပါ။
ချောမောသော ယောက်ျားသည် မျက်မှောင်ကြုတ်နေရင်း မြေကြီးထဲ ၀င်ရောက်ပျောက်ကွယ်သွားသော ဧရာမလက်ကြီးခြောက်ဖက်ကို ကြည့်နေသည်။ သူက ခတ္တမျှ အာရုံခံကြည့်ပြီးနောက် ပြောလိုက်သည်။
“ဒီလူက အန္တရာယ်များတယ်”"အစ်ကိုကြီး မင်းသူ့ကိုမကိုင်နိုင်ဘူးလား" တုတ်ခိုင်သန်မာသောလူကြီးက အော်ဟစ်လိုက်သည်။
“သူက မြေကြီးအသိကို ကျင့်ကြံတယ်။ ဒီပတ်၀န်းကျင်ကိုကြည့်လေ။ သူ့အစွမ်းနဲ့ လိုက်လျောညီထွေတဲ့ ရွှံ့တွေ သဲတွေချည်းပဲ။ သူ့ကိုအလွယ်တကူခြိမ်းခြောက်လို့မရဘူး” ချောမောသောယောက်ျားက ခေါင်းခါယမ်းလိုက်သည်။
“ဒီလူက ကိုင်တွယ်ရတာ ခက်တယ်…အေးလေ…ဒီရှေးဟောင်းကုန်းမြေကို ၀င်ရောက်နိုင်သူတွေဟာ ကြယ်နယ်မြေအသီးသီးက ထိပ်ထိပ်ကျဲတွေချည်းပဲဥစ္စာ”“အစ်ကိုကြီး…လက်တစ်သောင်းတစ္ဆေကြိမ်ပင်ကြိုးတွေရော ဘယ်လိုလုပ်ကြမလဲ”
ထို တုတ်ခိုင်သန်မာသောယောက်ျားက သွားဖြီးကာပြောလိုက်သည်။ရွှံ့စေးရုပ်တုက တစ်၀က်ခန့်ယူသွားပြီးသည့်တိုင် နွံအိုင်ကို ဖုံးလွှမ်းနေသော ကြည်လင်တောက်ပသည့် လက်တစ်သောင်းတစ္ဆေကြိမ်ပင်ဝိညာဉ်အမျှင်များစွာကျန်ရှိနေသေးသည်။ ရုပ်ချောသောသူက ရှန်းယင်းယွီကို ပစ်မှတ်မထားခဲ့သောကြောင့် သူတို့နှစ်ယောက်ပေါင်းခွန်အားက ရွံ့ရုပ်လူကို မောင်းထုတ်လိုက်နိုင်ခြင်းဖြစ်သည်။