Chapter 1044: မြင့်မြတ်သားရဲအကြွင်းအကျန်
“ရှေ့ကို မြန်မြန်တိုး”
“ရပ်”
“အမြန်ဆုံးနှုန်းနဲ့ သွား”
“အရှိန်လျှော့မယ်…အရှိန်လျှော့မယ်”ရှီယန်က ရှေ့ဆုံးမှ စစ်သင်္ဘောဦးထိပ်တွင် ရပ်လျှက်ရှိသည်။ သူ့မျက်လုံးများက စူးရှတောက်ပနေပြီး သူကိုယ်တိုင်က ဥက္ကာခဲတစ်ခုသဖွယ် အရှိန်အဝါများထွက်ပေါ်နေသည်။ သူ့နှုတ်မှ အဆက်မပြတ် အမိန့်ပေးလျှက်ရှိသည်။
သူတို့ပတ်၀န်းကျင်တွင် ဥက္ကာခဲများ ထူထပ်စွာ ကျဆင်းနေသည်။ ပြင်းထန်လှသော အရှိန်အဟုန်ဖြင့် မိုးသီးမိုးပေါက်များကဲ့သို့ ဆက်တိုက်ကျဆင်းနေသည်။ မိစ္ဆာကလန်၊ မွန်းစတားကလန်၊ တိုက်ခိုက်ရေးအဖွဲ့အစည်းနှင့် ဆေးနှင့်ကိရိယာစံအိမ်။ စုစုပေါင်း စစ်သင်္ဘောကြီး တစ်ထောင်ခန့် မြှားပစ်သလို ပျံသန်းနေကြသည်။ တစ်ခါတစ်ရံ လျှင်မြန်စွာ ခုတ်မောင်းပြီး တစ်ခါတစ်ရံ နှေးကွေးသွားသည်။ မည်သို့ပင်ဖြစ်စေ အဆက်မပြတ်ကြွေကျနေသော ဥက္ကာခဲများအကြား သူတို့ ပုံမှန်ရှေ့ဆက်နေကြပါသည်။
ရှီယန်ညွှန်ပြသော လမ်းကြောင်းအတိုင်း စစ်သင်္ဘောများအားလုံး ခုတ်မောင်းခဲ့သည်။ ဤ များပြားလှသော စစ်သင်္ဘောအုပ်စုကြီးတစ်ခုလုံး သူ့ညွှန်ကြားချက်ကိုလိုက်ကာ ခုတ်မောင်းမှု ပြောင်းလည်းပေးရသည်။
သွေးတစ္ဆေ၊ ဘာသာ၊ ကုတဲ့နှင့် ဖုန်းယန်တို့ ကနဦးနတ်ဘုရားအဆင့် ပညာရှင်လေးယောက်က စစ်သင်္ဘောအုပ်စု၏ ရှေ့နောက်ဝဲယာတွင် စောင့်ကြပ်ပေးကြသည်။ ကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးအတွက် သူတို့အဆင်သင့်ရှိနေသည်။
တစ်ခါတစ်ရံ ရှီယန်က ဥက္ကာခဲများ ပိုမိုထူထပ်သောနေရာသို့ ၀င်ခိုင်းသည်။ အစတွင် လူတိုင်း သံသယဖြစ်ကြ၏။
သူ့စိတ်ထင်ရာလျှောက်လုပ်နေသည်ဟု စိုးရိမ်ထိတ်လန့်ကြသည်။ဥက္ကာခဲများက ရပ်တန့်သွားသည်ဟူ၍မရှိ။ တာကျိုးသလို အရှိန်အဟုန်ဖြင့် ကျဆင်းနေဆဲ။ သူတို့မျက်စိရှေ့တွင်ပင် ကစဉ့်ကလျား ကြွေကျနေဆဲဖြစ်သည်။ သို့သော် သူတို့ စစ်သင်္ဘောများ ၀င်ရောက်သွားသည့်လမ်းကြောင်းတွင် ဥက္ကာခဲများ ကျဲပါးနေသည်။ တစ်ခါတစ်ရံ ကျဉ်းမြောင်းသော ဥမင်လှိုဏ်ခေါင်းလို၊ တစ်ခါတစ်ရံ ကျယ်၀န်းသော အပေါက်ကြီးလို ဖြစ်နေတတ်ပြီး သူတို့အားလုံး ဖြတ်သန်းလွန်မြောက်ခဲ့သည်ချည်းဖြစ်သည်။