1071: ပျံ့နှံ့သွားခြင်း
နတ်ဘုရားကျောက်တုံးသိုက်ရှိရာ တောင်တန်းကြီး အထက်၌ စစ်သင်္ဘောပေါင်းများစွာ ရပ်တန့်နေကြသည်။ ထိုစစ်သင်္ဘောများ ပတ်ပတ်လည်တွင် ပို၍ များပြားသော စစ်ရထားများက ရွေ့လျားလည်ပတ်နေကြ၏။ နတ်ဘုရားအလင်းဂိုဏ်း၏ သိုင်းသမားများသည် စောင့်ဆိုင်းရင်း ဂူဝင်ပေါက်ကို စောင့်ကြည့်နေကြသည်။
ပိုပိုပြီး များပြားသော မိုင်းကျွန်များနဲ့ နတ်ဘုရားအလင်းဂိုဏ်း၏ သိုင်းသမားများသည် အထဲမှ အပြေးအလွှား ထွက်လာကြသည်။ သူတို့မျက်နှာများသည် ပြာနှမ်းနှမ်းဖြစ်နေ၏။ သိပ်မဝေးသော နေရာအထိ သူတို့ ထွက်လာနိုင်ကြပြီးနောက် ချောင်းဆိုင်း၍ သွေးအန်ပြီး သေသွားကြသည်။ ဘယ်သူကမှ အချိန်အကြာကြီး မတောင့်ခံနိုင်ကြပါ။
"ဘာဖြစ်တာလဲ"
ဆန်နာ၏ တောင့်တင်းနေသော မျက်နှာသည် ယခုအခါ စိုးရိမ်ပူပန်မှုနဲ့ ဂနာမငြိမ်ဖြစ်လာပြီး သူ၏ စိတ်ဆိုးမာန်ဆိုးအသံလည်း ထွက်ပေါ်လာခဲ့သည်။
ဘယ်သူကမှ သူ့ကို ပြန်မဖြေကြပါ။
မိုင်းတွင်းထဲမှ ထွက်လာသော နတ်ဘုရားအလင်းဂိုဏ်း၏ သိုင်းသမားများ နဲ့ မိုင်းကျွန်တို့တွင် စကားပြောချိန်ပင် မရှိကြပါ။ သူတို့၏ ပါးစပ်နဲ့ လည်ပင်းများကို အုပ်ရင်း အလုပ်ရှုပ်နေကြပြီး နာနာကျင်ကျင်နဲ့ ရုန်းကန်လှုပ်ရှား၍ စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းနေကြသည်။ အချိန်တိုအတွင်း အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မှ မရှိတော့ပေ။
ထိုသက်ရှိကြယ် ပတ်ဝန်းကျင် နေရာတစ်ခုလုံးတွင် ရှိနေသော မီးတောင်သေများသည် အဆိပ်ပါသော အစိမ်းရောင်နဲ့အပြာရောင်မြူခိုးငွေ့များကို မှုတ်ထုတ်လာကြသည်။ ထိုမြူခိုးမြူငွေ့များ အလွန်သိပ်သည်းပုံမှာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနိုင်သဖွယ်ပင် ရှိသည်။ မကြာခင်အတွင်း သက်ရှိကြယ်တစ်ခုလုံးသည် ထူထပ်သော အဆိပ်ပါမြူခိုးများ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။
အကုန်လုံး ကြောက်လန့်တုန်လှုပ်မှုနဲ့ သွေးဆုတ်သွားကြသည်။ သေနိုင်သော ထိုဖိအားမျိုးအောက်၌ သူတို့၏ စိတ်နှလုံးများ အရမ်းလေးလံသလို ခံစားကြရ၏။