Chapter 1168: ရန်သူနှင့် မျက်နှာချင်းဆိုင်ခြင်း
၎င်းသည် သွေးအနှစ်ကျောက်တုံး တစ်တုံးသာ ဖြစ်ပြီး ၎င်းသည် ရှီယန်ကို ကြွယ်ဝသော သွေးကီများပံ့ပိုးပေးနိုင်သည်။ ၎င်းသည် သူ၏ သေခြင်းမဲ့မိစ္ဆာသွေးကို ပြန်လည်ဖြည့်တင်းပေးရန် ကူညီပံပိုးပေးပြီး သူ၏ ခန္ဓာကိုယ်တွင် သိုလှောင်နိုင်သောပမာဏ ကိုလည်း နောက်ထပ်တစ်ဆင့်ထိရောက်စေရန် သန့်စင်ပေးသည်။
သေခြင်းမဲ့မိစ္ဆာသွေးသည် သူ၏ သေခြင်းမဲ့မိစ္ဆာခန္ဓာ၏ စွမ်းအင် အရင်းမြစ်ဖြစ်သည်။ ထိုသွေးဖြင့် ပြည့်ဝနေလျှင် သူ၏ နတ်ဘုရားခန္ဓာကိုယ်သို့သက်ရောက်သော ထိခိုက်မှုများမှာ မသိသာတော့ပေ။
သွေးအနှစ်ကျောက်ကို အသုံးပြုပြီးနောက် ၎င်းသည် သာမန်ကျောက်တုံး အဖြစ်သို့သာပြောင်းသွားသည်။ ရှီယန်၏ နတ်ဘုရားခန္ဓာကိုယ် သည် သွေးချည်မျှင်အိမ်ဖြင့် လုံးဝဖုံးအုပ်နေသည်။ အသက်ဓါတ်စွမ်းအင်လှိုင်းများ သည် ထို ချည်မျှင်အိမ်အတွင်းတွင် အလွန်သိပ်သည်းများပြားလိမ့်တက်နေပြီး လူတွေကို မကုန်ဆုံးနိုင်သောအသက်စွမ်းအင်များရှိသော တစ်စုံတစ်ခုကဲ့သို့သော ခံစားမှုမျိုးပေးသည်။
စီစီလျာ နှင့် ရှန်းယင်းယွီတို့သည် အမျိုးမျိုးသောသွင်ပြင်များရှိသော သလင်းကျောက်များကို စုဆောင်းနေရသဖြင့်် အလွန်စိတ်လှုပ်ရှားနေသည်။
ရေခဲဝိညာဉ်အေးစိမ့်သလင်းသည် ဆီးနှင်းခဲများနှင့် မြူဆိုင်းများမှ ပျစ်ခဲလာသည့်ဟန် ပေါ်နေသည်။ မီးလျှံအနှစ်ကျောက်သည် အလှပဆုံးမီးလျှံတစ်ခုပမာ နီရဲနေသည်။ ရေနှလုံးသားပုံဆောင်ခဲသည် သူ့အထဲတွင် တကယ့်ရေအစစ်စီးဆင်းနေသည့်ဟန် တသွင်သွင်စီးသံမြည်နေ၏။ သစ်သားစိမ်းသလင်းတွင် ရှေးဟောင်းသစ်သားအပိုင်းအစပါရှိသည်။ သန့်စင်ရွှေသလင်းသည် အဖိုးတန်ရွှေတုံးတစ်ခုနဲ့ တူနေသည်။ မြေဆီလွှာပုံဆောင်ခဲသည် ထိုးထွင်းမြင်နိုင်ပြီး အံ့ဖွယ်ကောင်းသော ပယင်းရောင်အရောင်အဆင်းနဲ့ ရှိနေသည်။ဖွဲ့စည်းပုံအခြေခံသဘောတရား ငါးခု၏ စွမ်းအားပါရှိသော သလင်းကျောက်များသည် လင်းလက်တောက်ပစွာ ဖြာထွက်နေကြပြီး သူတို့ဘေးနား၌ ခမ်းနားထည်ဝါသည့် အရှိန်အဝါများလည်း ရှိနေသည်။ ထိုသလင်းကျောက်များမှ လှုံ့ဆော်ထွက်လာသော စွမ်းအားများသည် အလွန်အံ့သြဖွယ်ရာပင်။