Chaper 1169: ကန္တာရ အေးခဲသွားခြင်း
"ဟာဆွန်ရဲ့ အဖွဲ့က သူ့ကို သတ်ဖို့လာနေပြီလို့ ပြောတယ်။ သူက ငါတို့ကို ဒီမှာပဲနေပြီး အလျှင်စလိုမလုပ်ဖို့ပြောတယ်။ ငါတို့ သူ အချက်ပြတာကိုစောင့်ရမယ်" ရှကျောက်က ကောက်ကျစ်စဉ်းလည်းသော မျက်လုံးများဖြင့် ပြောလိုက်သည်။ "ဟာဆွန် တစ်ကြိမ်လာရဲရင် ငါတို့သူကို သေအောင်ရိုက်သတ်မယ်"
"နင် သူ့ကို အချိန်မရွေး စကားပြောလို့ရလား" အော်ဒရေး က မေးလိုက်သည်။
"ရတာပေါ့။ ငါ့ရဲ့ သက်ရှိအဆိပ်ကောင် က သူ့ဘေးမှာလေ။ ငါ သူ့ရဲ့လှုပ်ရှားမှုတွေကို အချိန်တိုင်းမြင်နိုင်တယ်" ရှကျောက် က ယုံကြည်မှုရှိစွာပြောလိုက်သည်။
အော်ဒရေး က သူမ၏စိတ်ဖြေကာ အေးစက်စွာပြောလိုက်သည်။ "အဲ့ဒါဆို ကောင်းတယ်။ ငါတို့ ဒီမှာစောင့်ကြမယ်။ ဟာဆွန် ကို အရင်ရောက်သွားပါစေ။ ပြီးမှ ငါတို့ သူတို့ရဲ့ ထွက်ပေါက်ကို ပိတ်မယ်"
သူမ၏ မျက်လုံးများ မော့ဖူ၊ ဝူဖန်း နှင့် ဝူပိုင် တို့ကို ကြည့်ကာမေးလိုက်သည်။
"နင်တို့မှာ အခြားအကြံတွေရှိသေးလား""မင်းပဲ အကုန်ဆုံးဖြတ်လိုက်ပါ" သုံးယောက်လုံးသဘောတူလိုက်ကြသည်။
-- -
အရောင်မွဲသောကမ္ဘာ၏ သဲဝါများကြားတွင် ဟာဆွန်၊ မီအာ၊ ယွီမန် နှင့် အခြားသူတို့သည် လျှင်မြန်သော အရိပ်များကဲ့သို့ တဖျတ်ဖျတ် နှင့် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။
ဟာဆွန်၏ ခန္ဓာကိုယ် သည် ထူးဆန်းသော မကောင်းဆိုးရွားတစ်ကောင်ကဲ့သို့ အလွန်ပိန်ပါးနေသည်။ လူသတ်ချင်နေသောအော်ရာများ သူ၏အနားတွင်တောက်ပနေပြီး သူ့ကို အလွန်ပင် အန္တရာယ်များပုံ ပေါ်စေသည်။ ချက်တာရစ်မိသားစု စစ်သည်များသည်လည်း အလွန် လူမဆန်ကာ ရူးသွပ်နေကြပြီဖြစ်သည်။ သူတို့၏ စွမ်းအင်လှိုင်းသည် ဟာဆွန် နှင့်လိုက်ဖက်ညီနေကြသည်။
"ငါတို့ အဲ့ဒီကိုရောက်ခါနီးနေပြီ။" ဟာဆွန်၏ အေးစက် မှိုင်းမဲသော အသံ ပဲ့တင်သံထပ်သွားသည်။ သူသည် သဲများအကြားတွင် အလင်းတန်းတစ်ခုကဲ့သို့ လျှောတိုက်သွားသည်။
မီအာ၏ အဖွဲ့ သူ့နောက်မှနီးကပ်စွာလိုက်လာကြသည်။