Chapter 1124: ပျောက်ကျားတိုက်ပွဲ အစီအမံ
သန့်ရှင်းကြည်လင်သည့် ရေကန်နား၌ ရှီယန် ငုံ့ကိုင်းကာ စက်ဝိုင်းပုံအကြီးကြီးတစ်ခု ဆွဲလိုက်သည်။ ထိုစက်ဝိုင်းထဲ၌ အမှတ်အသားလေးခုလည်း လုပ်လိုက်သည်။
ထိုအမှတ်အစားလေးခုကို လက်ညိုးထိုးပြရင်း ရှင်းပြလိုက်သည်။ "ငါတို့က ဒီမှာ ရှိနေကြတာ။ မီအာတို့အဖွဲ့က ငါတို့ အနီးလေးမှာပဲ ရှိနေကြတယ်။ ဖိလစ်တို့အဖွဲ့က ဟိုဘက်မှာ။ အသစ်ရောက်လာတဲ့အဖွဲ့က အဲ့နေရာမှာ ရှိနေကြတယ်"
သူသည် မြေကြီးပေါ်၌ သူတို့ တည်နေရာများကို ပုံနှင့်တကွ ဖော်ပြလိုက်သည်။ မြေကြီးပေါ်ရှိ သူ ဆွဲထားသည့် အမှတ်အသားလေးခုသည် စတုဂံတစ်ခုသဖွယ်ပင်။ သူတို့အဖွဲ့သည် ထောင့်တစ်ခု၌ ရှိနေကြပြီး မီအာ ၊ ဟိုင် နဲ့ ဖိလစ် တို့သည် တခြားထောင့်သုံးခု၌ သီးခြားစီရှိနေကြသည်။ သူတို့ကြား အကွာအဝေးတစ်ခုစီ ရှိနေပြီး ဟိုင်သည် သူတို့ထံမှ အဝေးဆုံး၌ ရှိသူဖြစ်သည်။ ဤနေရာသို့ ရောက်လာနိုင်ရန် အနည်းဆုံး ရက်ပေါင်းတော်တော်များများ ကြာမည်ဖြစ်သည်။ သို့သော် မ်ီအာတို့အဖွဲ့သည် သူတို့နဲ့ အနီးဆုံးဖြစ်နေသည်။
မော့ဖူ ၊ စီစီလျာ ၊ ဝူဖန်း နဲ့ ရှန်းယင်းယွီတို့သည် ရှီယန်နား၌ ဆောင့်ကြောင့်ထိုင်လိုက်ကြသည်။ သူ ဆွဲခဲ့သည် မြေပုံကို အာရုံတစိုက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်ကြသည်။
"ငါအပါအဝင် ဒီမှာ သိုင်းသမား ဆယ့်နှစ်ယောက်ရှိတယ်။ ဒါပေမယ့် ငါတို့ သူတို့နဲ့ တိုက်ရိုက်ရင်ဆိုင်ရင် သူတို့ထဲက တစ်အုပ်စုကိုတောင် မနိုင်မှာစိုးရတယ်။ အဲ့အင်အားစုသုံးခုကို တစ်စုစီခွဲတိုက်ရင်တောင် ငါတို့ ဘယ်တော့မှ အသာစီးရနိုင်ကြမှာမဟုတ်ဘူး" ရှီယန်သည် မျက်မှောင်ကြုတ်ပြီး သူ့အသံကို လျော့ချလိုက်သည်။
ဟိုင် ရောက်ချလာမှုက သူ့အစီအစဉ်ကို နှောင့်ယှက်သွားသည်။ ယခုအခါ ရှီယန်သည် မော့ဖူ တို့နဲ့ ပူးပေါင်းရလေတော့သည်။
အကယ်၍ ဟိုင်သာ မလာခဲ့လျှင် သူ၏ ပြတ်ပြတ်သားသား အာရုံခံနိုင်မှု နှင့် သူ့စွမ်းအင်အသိတို့ကို အသုံးပြု၍ ထွက်ပြေးသွားမည်ဖြစ်သည်။ မီအာ သို့မဟုတ် ဖိလစ်တို့က သူ့နောက်မှ လိုက်လာမှာကို စိုးရိမ်မှုမရှိဘဲ ဤနေရာ၌ လျှောက်သွားနိုင်မည်ဖြစ်သည်။ အမှောင်ထုထဲ၌ ပုန်းပြီး မီအာ နဲ့ ဖိလစ်တို့အား ဒုက္ခပေးလို့ပင်ရမယ်ဖြစ်သည်။ သက်တန့်မိစ္ဆာပန်းကို လုယူနိုင်မည့် အခွင့်အရေးရှိလာတာလည်း ဖြစ်နိုင်၏။