Chapter 1073: မိတ်ဟောင်းဆွေဟောင်းများ
ကြည်လင်တောက်ပသော ခရမ်းလဲ့ရောင်စစ်သင်္ဘောပေါ်၌ မတ်တပ်ရပ်ရင်း ရှီယန်သည် သရဲအရိပ်အကျဉ်းထောင်ရှိ အဓိကတွင်းထွက်ကြယ်များကြားတွင် အလျင်အမြန် ခရီးနှင်နေ၏။
အမှောင်ရိပ်ကလန်က ချန်ထားခဲ့သော သဘာဝတွင်းထွက်ပစ္စည်းများ ပေါကြွယ်ဝသည့် သက်ရှိကြယ်များ နဲ့ တွင်းထွက်ကြယ်များသည် သိပ်မများပါ။ သူတို့တစ်ခုနဲ့တစ်ခုကြား အကွာအဝေးလည်း သိပ်မဝေးပါ။ ခရမ်းလဲ့ရောင် စစ်သင်္ဘောသည် ဆေးနှင့်ကိရိယာစံအိမ်က ဆောက်လုပ်ထားခြင်းဖြစ်ပြီး ဒေါသမီးလျှံကြယ်နယ်မြေ၌ ကျိယောင် ပိုင်ဆိုင်ခဲ့သော စစ်သင်္ဘောတစ်ခုထက် အများကြီးပိုကောင်း၏။ ၎င်းသည် လျင်လျင်မြန်မြန်နဲ့ ချောချောမွေ့မွေ့ ရွေ့လျားနိုင်သည်။
နတ်ဘုရားအလင်းဂိုဏ်း၏ သိုင်းသမားများ အဆိပ်မြူခိုးငွေ့များဖြင့် ပိတ်မိနေသော သက်ရှိကြယ်တစ်ခုချင်းစီ ၊ တွင်းထွက်ကြယ်တစ်ခုချင်းစီသို့ သူတို့ လိုက်သွားကြသည်။
ခရမ်းလဲ့ရောင်စစ်သင်္ဘော ကောင်းကင်ပေါ် ပေါ်လာသည့်အချိန်တိုင်း ရှီယန်သည် ဆင်းသက်ပြီး သူတို့၏ ပြဿနာများကို ဖြေရှင်းပေး၏။
အဆိပ်ပဒေသာအေးစိမ့်ပုလဲသည် အထက်ကောင်းကင်ယံ၌ လွင့်မျောပြီး ဝေလငါးတစ်ကောင်က ရေစုပ်ယူသည့်ပမာ အဆိပ်ပါမြူခိုးမြူငွေ့များအားလုံးကို စုပ်ယူလိုက်သည်။ ၎င်းသည် ပို၍ အေးစက်ပြီး ပိုမည်းနက်လာ၏။ အေးစက်မှုအပေါ် အလွန်ကျွတ်ဆတ်သော ဝိဥာဉ်စွမ်းအားအမျိုးအစားအချို့ကို ထုတ်လွှတ်ရင်း ရှီယန်၏ လက်ထဲ၌ အေးစက်စွာတည်ရှိနေသည်။
သူ့အတွေးများ ဖြတ်ခနဲဖြစ်သွားပြီး အဆိပ်ပဒေသာအေးစိမ့်ပုလဲ ပျောက်ကွယ်သွားသည်။ သူ့ဝိဥာဉ်ယဇ်ပလ္လင်ထဲရှိ လွတ်မြောက်အကန့်အသတ်၌ ပြန်ပေါ်လာခဲ့၏။ ထို့နောက် ၎င်းနေရာတွင် ကြတ်နေသော နေတစ်စင်းပမာ ရပ်တန့်ပြီး အေးစက်ခြင်းအပေါ် ကျွှတ်ဆတ်သော ဝိဥာဉ်စွမ်းအားကို လှိုင်းထစေလိုက်၏။
ဤပုလဲသည် ဝိဥာဉ်ခွဲသလင်းငါး ဝိဥာဉ်၏ ကီအနှစ်သာရဖြစ်သည်။ ၎င်းကို သူ့ပင်မဝိဥာဉ်၏ သွေးအမှတ်အသားဖြင့် မှတ်သားထား၏။ တစ်ချိန်တည်း၌ ၎င်းတွင် ရှီယန်ဝိဥာဉ်၏ အမျှင်တန်းတစ်ခုပါရှိသည်။ ၎င်းက ထိုပုလဲကို သူ့အတွေးနဲ့တင် ထိန်းချုပ်နိုင်အောင် သူ့ကို ကူညီပေးသည်။