Chapter 1174: မြင့်မြတ်သားရဲ ကျားဖြူ၏ ရုပ်လောင်း
သဲကန္တာရ ၏ အစပ်တွင် ချက်တာရစ်မိသားစု စစ်သည် ခြောက်ယောက်၏ ဝိဉာဉ်ပလ္လင်များသည် ရုတ်တရက် ကွဲကြေသွားသည်။ သူတို့၏ သွေးမြေကျတိုက်ပွဲကို ရပ်တန့်သွားစေကာ ဝမ်းနည်းစွာ သေဆုံးသွားကြရသည်။ မီအာ နှင့် ယွီမာန် တို့သည် ဘာမှမစဉ်းစားဘဲ သူတို့၏ အမြန်ဆုံးနှုန်းဖြင့် ချက်ချင်း ထွက်ပြေးကြတော့သည်။
ဟာဆွန်သည် ဆိုးရွားသောအရာ တစ်ခုခုနှင့် မတွေ့ခဲ့လျှင် သူ၏ စစ်သည်များ ထိုကဲ့သို့ ဆိုးရွားစွာ သေဆုံးပျောက်ကွယ်သွားမည်မဟုတ်ပေ။
မီအာ နှင့် ယွီမာန်တို့သည် ထိုအဖြစ်ပျက်ပြီးနောက် ထွက်ပြေးရန် ဉာဏ်ကောင်းခဲ့ကြသည်။ရှကျောက်၊ မော့ဖူ နှင့် ရှင်းယင်းယွီတို့သည် သူတို့နောက်ကို ပြေးလိုက်ချင်သော်လည်း အော်ဒရေးက လက်ပြကာ သူတို့ကို တားလိုက်သည်။ "သူတို့ကို ဆက်လိုက်ဖို့မလိုဘူး။ ဟိုင် က နီးကပ်လာပြီ "
မော့ဖူ နှင့် ဝူဖန်းတို့ အံသြ သွားသည်။ သူတို့ စိတ်လှုပ်ရှားလာသည်။ "ငါတို့ သူတို့ကို အတူတူ သတ်နိုင်တာပဲ"
အော်ဒရေးက သူတို့ကို အေးစက်သောအကြည့်နှင့်ကြည့်လိုက်သည်။ "ဟိုင်က ငါတို့ထက် စစ်သည်အင်အား ပိုမိုစုဆောင်းထားတယ်။ မင်းတို့ သူ့ကို ဖျက်ဆီးနိုင်မယ်ထင်ရင် ကိုယ့်ဟာကိုယ် သွားပြီး စစ်ဆေးကြည့်လိုက်"
ရှကျောက်၊ မော့ဖူ နှင့် အခြားသူများ ကြောက်လန့်သွားသည်။ သူတို့၏ လက်များခါကာ သူတို့ မလုပ်ချင်ကြတော့ကြောင်းပြသလိုက်သည်။
လာနောက်နေတာလား။ ဟိုင် သည် နတ်ဘုရားကလန်၏ မျိုးဆက်သစ်များထဲတွင် အသန်မာဆုံးဖြစ်သည်။ သူသည် ဟာဆွန် ထက် ပို၍သန်မာသည်။ ပြီးလျှင် သူ နှင့်အတူ စစ်သည်များစွာရှိနေသေးသည်။ အော်ဒရေး၏ အထောက်အပံ့မရဘဲ သူတို့ စွန့်စားကာ မည်သို့ ရင်ဆိုင်ရဲကြမည်နည်း။"နင့်ရဲ့ ဝိဉာဉ်အသိက ဒီနေရာမှာ အာရုံခံလို့မရဘူးလို့ နင်ပြောခဲ့တယ် မဟုတ်ဘူးလား" စီစီလျာ ရှုပ်ထွေးသွားသည်။
အော်ဒရေးသည် ဆက်လက် အေးစက် တည်ငြိမ်မြဲပင်။ သူမက ရိုးရိုးရှင်းရှင်းပြောလိုက်သည်။ "အရမ်း နီနေပြီ။ ငါတို့ အချင်းချင်း အာရုံခံလို့ရနေတယ်။ ရှီယန် နဲ့ ဟာဆွန် တို့ကြား တိုက်ပွဲ က ကန္တာရအလယ်မှာ စွမ်းအင်တွေအရမ်းဗြောင်းဆန်စေခဲ့တော့ အဲ့နေရာက ကမ္ဘာမြေ နဲ့ မိုးကောင်းကင် ရဲ့ ဥပဒေတွေ ပြောင်းလဲကုန်တယ်။ စစ်သည်အများစုက သူတို့ကို အာရုံစိုက်လာကြတယ်။ ဟိုင် လဲ အပါအဝင်ပဲ"