1018

344 52 1
                                    

Chapter 1018: မိသားစု၀င်အသစ်

နတ်ဘုရားကလန်အကြောင်းကို ပိုသိလေလေ ရှီယန် ပို၍ လေးလံသော ဖိအားကို ခံစားရလေလေ ဖြစ်သည်။ နတ်ဘုရားကလန်သည် သူ အထွတ်အထိပ်ထိ တက်လှမ်းနိုင်မည်မဟုတ်သည့် တောင်တန်းတစ်ခုကဲ့သို့ပင် ဖြစ်သည်။ ဤကဲ့သို့သော ဖိအားက သူ့ကို အသက်ရှူကျပ်စေသည်။

နတ်ဘုရားကလန်၏ တော်၀င်မိသားစုဆယ့်နှစ်ခုစီတွင် ကနဦးနတ်ဘုရားအဆင့်ရောက်သည့် သိုင်းပညာရှင်များ ရှိကြသည်။ အက်စ်ကော့ မိသားစုသည် အာဂါတေးကြယ်နယ်မြေသို့ တစ်ကိုယ်တော်ကျူးကျော်နိုင်သော စွမ်းအားပင်ရှိပြီး တိုးတက်အောင်မြင်နေကြသည့်ပုံပေါ်၏။

အာဂါတေးကြယ်နယ်မြေ၌ ကျော်ကြားသော အမှောင်ရိပ်ကလန်သည် နတ်ဘုရားကလန်၏ အမဲလိုက်ခွေးတစ်ဖြစ်လဲ လက်ပါးစေအင်အားစုတစ်ခုသာ ဖြစ်သည်။ ထိုအချက်က ရှီယန်ကို ရှုံ့မဲ့သွားစေသည်။

ဘန်နီ မှအပ ဇူရှီ၊ လီအိုနာ၊ ဖေးလန် နဲ့ ကာထို့တို့သည် ရှီယန် ပြောသည်ကို နားထောင်ရင်း သူတို့ရင်ဘတ်ပေါ်၌ တူညီသော တောင်တန်းကြီးက ဖိထားသည့်ပမာ သွေးဆုတ်ဖြူလျော်သွားကြသည်။

ယခုချိန်မရောက်ခင်အထိ သူတို့သည် နတ်ဘုရားကလန်ကို သွေးသောက်ရှစ်ယောက်၏ အဓိကရန်သူအဖြစ်သာ သူတို့ မှတ်ယူထားခဲ့ကြသည်။ ထို့အပြင် နတ်ဘုရားကလန်သည် သွေးသောက်ရှစ်ယောက်၏ မျိုးဆက်များနောက် လိုက်ဖမ်းနေမှုကို လက်လျော့မှာ မဟုတ်ပေ။ သူတို့တွေ ဘယ်လောက်ပဲ ကြိုးစား၍ ပုန်းနေကြပါစေ နတ်ဘုရားကလန်ရှိနေသရွေ့ သူတို့သည် ငြိမ်းချမ်းသော နေ့ကို ပိုင်ဆိုင်နိုင်ကြမှာ မဟုတ်ပါ။

သို့သော် နတ်ဘုရားကလန်ကို ရင်ဆိုင်ရာ၌ သူတို့သည် အလွန်သေးငယ်သွားသလို ခံစားကြရသည်။ သူတို့သည် သစ်ပင်အကြီးကြီးတစ်ခုကို ယိမ်းလှုပ်အောင် လုပ်ဖို့ ကြိုးစားနေသော သက်တမ်းတို ပိုးကောင်များနဲ့ပင် တူနေကြသည်။

"မင်း...သူတို့ အကြောင်း သတင်းအချက်အလက်တစ်ခုခု ရခဲ့လား" ဖေးလန်သည် ခဏစဉ်းစားပြီးမှ စိုးရိမ်ပူပန်စွာ မေးလိုက်သည်။ "မိုင်ထောင်ပေါင်းကျော်ခရီးက ခြေလှမ်းတစ်ခုနဲ့ စတင်ရမြဲပါပဲ နတ်ဘုရားကလန်ကို ရင်ဆိုင်တိုက်ခိုက်ဖို့က အချိန်အကြာကြီးလိုအပ်အုံးမှာပါ ဒီအချိန်မှာ ငါတို့ စွမ်းတွေက သူတို့ထက် အရမ်းနိမ့်လွန်းတယ် အဲ့ဒါကြောင့် ငါတို့ စွမ်းအင်တွေ တိုးတက်စေဖို့ကို ထိပ်တန်းဦးစားပေးအဖြစ် ငါတို့ သတ်မှတ်ထားရမယ်"

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Donde viven las historias. Descúbrelo ahora