Chapter 1090: အထူးချွန်ဆုံး ပါရမီရှင်များသာ
လမ်းပြသစ်သီးက သစ်ကြားသီးအရွယ်မျှသာ ရှိသည်။ အခွံပေါ်တွင် ထူးဆန်းသော အပြာရောင်စင်းကြောင်းများ ရှိနေပြီး သေချာကြည့်မည်ဆိုလျှင် အပြာရောင်လဲ့လဲ့အလင်းကို မြင်ရမည်ဖြစ်သည်။ သစ်သီးထဲမှ ပုံမှန်မဟုတ်သော စွမ်းအင်အတက်အကျများ ထုတ်လွှတ်နေပြီး ၎င်းက နတ္ထိကြယ်မှစွမ်းအင်နှင့် ထူးဆန်းစွာ ပဲ့တင်ဟပ်နေသည်။
ရှန်းချန်က လမ်းပြသစ်သီးကို ရှီယန်ထံ ပစ်ပေးလိုက်ပြီးမှ သူ့မျက်နှာတွင် နှမျောတသမှုများနှင့် ခါးသည်းမှုများ ပြည့်နှက်လာသည်။
“လမ်းပြသစ်သီးက အထွတ်အမြတ်ရတနာတစ်ပါးလိုပဲ။ အရင်တစ်ခေါက် နတ္ထိကြယ်ပွင့်တုန်းက ရောက်ခဲ့ကြသူတွေ ယူလာခဲ့ကြတာ။ အနှစ်တစ်သောင်း သက်တမ်းရှိပြီ။ အဲ့ဒါကို နတ္ထိသော့လို့လဲ ခေါ်ကြတယ်။ နတ္ထိကြယ်ကို ဒါနဲ့ပဲ ၀င်လို့ရတယ်။ ကဲ…ငါကတော့ ဖရဲဒရစ်ပေါ် ကျန်နေတဲ့ ကတိကို ဖြည့်ဆည်းပေးခဲ့ပြီ”လမ်းပြသစ်သီးက ရှီယန်၏လက်ဖဝါးထဲတွင် အေးစိမ့်နေသည်။ ရှီယန် မျက်မှောင်ကြုတ်နေရင်း ရှန်းချန်၏ ရည်ရွယ်ချက်ကို နားမလည်နိုင်အောင်ဖြစ်နေသည်။
“ကျုပ် နားမလည်ဘူး”“ကောင်းပြီ…ဒီလိုရှိတယ်….”
ရှန်းချန်က နတ္ထိကြယ်ဟုခေါ်သော ရှေးဟောင်းကုန်းမြေတိုက်ကြီးကိုကြည့်ကာ သူ့မျက်လုံးများမှ နတ်ဘုရားအလင်းများ တောက်ပလာသည်။
“နတ္ထိကြယ်မှာ လျှို့ဝှက်ချက်တွေအများကြီးရှိတယ်။ မှော်အဆန်ဆုံး အံဖွယ်အကောင်းဆုံး ဆေးပင်တွေ တွင်းထွက်တွေ အဲ့ဒီမှာရှိတယ်။ အများစုက မူလအဆင့်တွေပဲ။ ကြယ်နယ်မြေတွေရဲ့ အကောင်းတကာ့အကောင်းဆုံးဆိုတဲ့ လက်နက်တွ ဆေးဝါးတွေအတွက် မရှိမဖြစ်ကုန်ကြမ်းတွေလဲဖြစ်တယ်။ ဒီ ကြယ်ပြောလှတဲ့ ကြယ်ပင်လယ်ကြီးထဲမှာ နတ္ထိကို ဖုံးကွယ်နေတဲ့ ရတနာသိုက်ကြီးအဖြစ် သတ်မှတ်နိုင်တယ်”“ကျုပ်အဖိုး ဦးခေါင်းထဲက ဝိညာဉ်ဖျက်ပိုးတွေနဲ့ ဘယ်လိုပတ်သက်နေတာလဲ”
ရှီယန် အခွံမာသစ်သီးကို လက်ထဲတွင် ဆော့ကစားရင်း မေးလိုက်သည်။
“ဖရဲဒရစ်က ဘာဖြစ်လို့ ကျုပ်ကို ဒီနေရာဆီ ၀င်စေချင်တာလဲ”