1061

331 44 0
                                    

Chapter 1061: မင်း လုပ်နိုင်တယ်လို့ ငါ ပြောရင် မင်း လုပ်နိုင်လို့ပဲ

မွန်းစတားကလန် နဲ့ မိစ္ဆာကလန်တို့သည် ပြန့်ကျဲနေသော သဲများပမာ လောက်လောက်လားလား နည်းဗျူဟာမရှိဘဲ တိုက်ခိုက်နေခဲ့ကြသည်။ ထို့အပြင် သူတို့တွင် အဖွဲ့လိုက်တိုက်ခိုက်ပုံဟု ခေါ်ကြသည့် အယူအဆတွေလည်း မရှိပါ။ သူတို့သည် အမှောင်ရိပ်ကလန်များကို သူတို့ကိုယ်စီ ခန္ဓာကိုယ်တစ်ခုတည်း၏ စွမ်းအားဖြင့်သာ တိုက်ခိုက်နေခဲ့ကြသည်။

ကလန်နှစ်ခုစလုံးမှ စစ်တပ်များကို လီအိုနာက ထိန်းချုပ်လိုက်သောအခါ တိုက်ပွဲတွင် ပါဝင်နေကြသော မိစ္ဆာကလန် နဲ့ မွန်းစတားကလန်ဝင်များသည် ပြောင်းလဲမှုကို အများကြီးမခံစားရပါ။ သို့သော် ရှီယန် ၊ ဖေးလန် ၊ ဘန်နီ၊ အရှင်မှော်နက် ၊ ရွှမ်ဖေး နဲ့ တခြားကြည့်ရှုသူများသည် လုံးဝကွဲပြားသွားမှုကို မြင်နိုင်ကြသည်။

မွန်းစတားကလန် နဲ့ မိစ္ဆာကလန်၏ စစ်တပ်များသည် မိစ္ဆာတစ်ကောင်၏ တောင်ပံနှစ်ဖက်ပမာ လှုပ်ရှားကြသည်။ ရက်စက်ကြမ်းတမ်းပြီး ပြိုင်ဘက်ကင်းဖြစ်သော အရှိန်အဝါသည် ဝုန်းခနဲ ပေါက်ကွဲထွက်ပေါ်လာပြီး မိစ္ဆာကလန်ဝင်များနဲ့ မွန်းစတားကလန်ဝင်များကို ဦးဆောင်ညွှန်ပြနေသည်။ သူတို့၏ ဖွဲ့စည်းပုံပြောင်းလဲနေစဉ် သူတို့၏ အရှိန်အဝါများသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြသည်။

ထိုအချိန်၌ မွန်းစတားကလန်ဝင် နဲ့ မိစ္ဆာကလန်ဝင်တို့သည် ခိုင်ခံ့မာကြောသော ၀င်္ကဘာတစ်ခုကို ပုံဖော်ကြသည်။ ထို၀င်္ကဘာကို ခွဲထုတ်၍ မရသလို ချိုးဖြတ်လို့လည်း မရပါ။ ဤကဲ့သို့သော ကြောက်စရာကောင်းမှုက လူတွေကို ချက်ချင်း ချုပ်တည်းထားနိုင်သည်။

မွန်းစတားကလန်ဝင် နဲ့ မိစ္ဆာကလန်ဝင်တို့၏ တစ်ယောက်ချင်းစီိတိုက်ခိုက်နိုင်မှုစွမ်းရည်က ဆေးနှင့်ကိရိယာစံအိမ် နဲ့ တိုက်ခိုက်ရေးအဖွဲ့အစည်း၏ သိုင်းသမားများထက် သာလွန်သည်။ အရင်က သူတို့ မပြခဲ့ကြခြင်းမှာ သူတို့သည် အဖွဲ့လိုက်တိုက်ခိုက်ရာတွင် မကျွမ်းကျင်ကြသောကြောင့်ဖြစ်သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now