Chapter 1037: ပေဟဠိ
တစ္ဆေအမှတ်အသားကလန်၏ လက်ရှိခေါင်းဆောင်မှာ အမှတ်၉ကြယ်၏ မျက်နှာပြင်ထက်တွင် အင်အားအပြည့်ဖြင့် ကျန်နေသေးဆဲဖြစ်သည်။ ဖုန်းယန် ထွက်သွားသောအခါ သူက ဘက်တီနာကို အလွယ်တကူ အနိုင်ယူကာ ဂြိုဟ်၏ အပေါ်ယံလွှာကို ဖြတ်ကျော်ပြီး အတွင်းကမ္ဘာသို့ တိုက်ရိုက်၀င်ရောက်သွားခဲ့သည်။
သို့သော် သူ အင်တိုက်အားတိုက် စတင်လှုပ်ရှားတော့မည့်အချိန်၌ အရာ၀တ္ထုတစ်ခု သူ့ထံ ပျံသန်းလာသည်။
လှံတစ်စင်း…။ဟမ်းမား အံ့အားသင့်သွားသည်။ သူ မျက်မှောင်ကြုတ်သွားပြီးနောက် မိုးကြိုးနတ်ဘုရားလှံတံကို ဖမ်းဆုပ်လိုက်သည်။ ပြီးနောက် မျက်လုံးမှိတ်ကာ အာရုံခံစားလိုက်သည်။
ဤမိုးကြိုးနတ်ဘုရားလှံတံသည် တစ္ဆေအမှတ်အသားကလန်မှ ခရော့မိသားစုပိုင် နတ်ဘုရားလက်နက်ဖြစ်သည်။
သခင် သေသွားတာမဟုတ်လျှင် နတ်ဘုရားလက်နက်တို့သည် သခင့်ထံပါးမှ ထွက်ခွာလေ့မရှိပါ။ ယခု…။
ဟမ်းမား စိတ်ထဲတွင် ထင့်ကနဲဖြစ်သွားသည်။မျက်မှောင်ကြုတ်နေရင်း ဟမ်းမားက သူ့ ဝိညာဉ်အသိကို ဂြိုဟ်၏ သီးခြားနေရာနှစ်ခုသို့ ပို့လွှတ်လိုက်သည်။
ခနနေတော့ သူ့မျက်နှာ အပျက်ပျက်ဖြစ်လာသည်။ သူ့မျက်လုံးထဲတွင် ဘယ်ကမှန်းမသိသော ကြောက်လန့်ခြင်းများ ၀င်ရောက်လာသည်။သူ့နေရာမှလွဲ၍ တုလင်နှင့် အမှောင်ရိပ်ကလန်တို့ ရှိနေရာ နှစ်နေရာစလုံးမှ အသက်ဓါတ်ကို သူ မခံစားရတော့ပါ။
ဟမ်းမား ကြောက်ရွံ့မှုကြောင့် ပြာနှမ်းသွားသည်။ ခတ္တမျှ တွေဝေနေပြီးနောက် အက်ကွဲသောအသံဖြင့် အော်ဟစ်လိုက်သည်။
“တပ်ဆုပ်…”တစ္ဆေအမှတ်အသားကလန်မှ မိသားစုအကြီးအကဲများ အံ့အားသင့်ကာ သူ့ကို ဝေခွဲမရစွာကြည့်လိုက်ကြသည်။
ဖုန်းယန်ထွက်သွားပြီဖြစ်သောကြာင့် သူတို့က ဘက်တီနာ၏ ခံစစ်ကို မိနစ်ပိုင်းအတွင်း ချိုးဖျက်လာခဲ့ပြီးဖြစ်သည်။ ကျားလျို၏ ညွှန်ကြားချက်အတိုင်း အောင်မြင်လုနီးခါမှ ဟမ်းမားက ဆုတ်ခွာရန်အမိန့်ပေးနေသည်။ သူတို့ လက်မခံနိုင်အောင်ပင်ဖြစ်သွားကြသည်။