1184

315 48 0
                                    

Chapter 1184: ဘယ်သူ အသန်မာဆုံးလဲ

ဟိုင် နှင့် သူ၏ အလင်းနတ်ဘုရားလှေ သည် သွေးပင်လယ်၏ နက်ရှိုင်းသောနေရာတစ်ခုသို့ ဆွဲခေါ်ခြင်းခံလိုက်ရသည်။ ထို အရိုးလက်သည်းဖြင့် သူတို့ အတူတကွပျောက်ကွယ်သွားသည်။
ဟာဆွန်သည် သွေးသံရဲရဲ အုတ်ဂူအောက်တွင် မြောနေတုန်းဖြစ်သည်။ သူ၏ မျက်လုံးများသည်  လုံးဝမည်းနက်နေပြီး သွေးပင်လယ်အတွင်းရှိလူများကို ထူးဆန်း အေးစက်စွာ လိုက်ကြည့်နေသည်။

ကျန်းယွင် နှင့် အော်ဒရေးတို့သည် သူတို့၏ ဝိဉာဉ်အတွင်းသို့ ကျူးကျော်ဝင်ရောက်နေသော မကောင်းသောစွမ်းအင်များကို အကောင်းဆုံးကြိုးစားကာ ခုခံနေကြသည်။ ကျန်းယွင်သည် ကျားဖြူအသွင်ပြောင်းကာ မြေပြင်တွင် ၀ပ်နေသည်။ သူ၏ ကြီးမားသောကိုယ်သည် စွမ်းအင်များစုစည်းနေသကဲ့သို့ တုန်နေသည်။
အော်ဒရေး၏ သွေးသွယ်သောကိုယ်သည် ဗလာနတ္ထိအဖြစ်ပြောင်းသွားသည်။ သေအံ့ဆဲဆဲ ဝိဉာဉ်ကဲ့သို့ သူမသည် သွေးပင်လယ်ထဲတွင် လွင့်ကာမြောနေသည်။
ထို အသွင်ပုံစံတွင် မည်သည့် ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုမှ မသက်ရောက်နိုင်ပေ။ စွမ်းအားများသည်လည်း သူမကို မထိခိုက်နိုင်ပေ။ ကံဆိုးစွာပင် သွေးပင်လယ်တွင် ဝိဉာဉ်ကို တိုက်စားနိုင်သောအစွမ်းရှိနေသည်။ ၎င်းသည် သူမ၏ ဝိဉာဉ်ယဇစ်ပလ္လင် အတွင်းသို့ စီးဝင်ကာ သူမ၏ဝိဉာဉ်ကို တိုက်ခိုက်နိုင်သည်။
မည်သို့ပင်ဖြစ်စေ အော်ဒရေးသည် ဝိဉာဉ်အဆင့် စွမ်းအားကို ကျွမ်းကျင်တက်မြောက်ထားသူဖြစ်သည်။ ထို့ကြောင့် သူမ၏စွမ်းအားကို သုံးကာ ထို မကောင်းသောစွမ်းအား၏ ဝိဉာဉ်တိုက်ခိုက်မှုကို ခုခံနေရသောကြောင့် သူမ၏ မျက်လုံးများသည် ကြည်လင် တောက်ပနေသည်။ သူမ၏ မူပိုင် ပဟေဠိ ဆန်သော အကြည့်များ မရှိတော့ပေ။
သူမ၏ အခြေအနေကို နောက်ဆုံးတွင် ထိန်းလိုက်နိုင်ပြီဟုထင်ရစေသည်။

သွေးပင်လယ်ထဲတွင် ဖိလစ်၊ မီအာ နှင့် နတ်ဘုရားကလန်၏ အခြားစစ်သည်တို့သည် အချင်းချင်းသတ်ဖြတ်နေကြသည်။ မော့ဖူ၊ ကျိုးရှန်း နှင့် ရှကျောက်တို့သည်လည်း သူတို့၏ စိတ်များလုံးဝ ပျောက်ဆုံးသွားပြီဖြစ်သည်။ တခြားသူများသည် သူတို့၏ ရန်သူလော မိတ်ဆွေလော မကွဲပဲ သူတို့ သေဆုံးသည်အထိ ဆက်လက်တိုက်ခိုက်နေကြသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now