1187

309 42 0
                                    

Chapter 1187: အသိမှတ်ပြုခံရသူများသာ

ဤကမ္ဘာ၌ ဟာဆွန်ကို နောက်တစ်ကြိမ်တွေ့ရခြင်းက တခြားလူများကို သူတို့၏ အဆိုးဆုံးအိပ်မက်ဆိုးထဲသို့ ဆွဲခေါ်လိုက်သလိုပင်။ သူတို့တစ်ယောက်ချင်းစီးသည် ယောက်ရက်ခတ်သွားကြပြီး ဘေးမကင်းသလို ခံစားကြရသည်။

အထူးသဖြင့် ကျန်းယွင် ၊ ဟိုင် နဲ့ အော်ဒရေးတို့ပင်။

သူတို့သည် ကမ္ဘာဦးသစ်သီးနှင့် သူတို့ကိုယ်ပိုင်ကလန်များ နှစ်ပေါင်းတစ်သောင်းကြာသည်အထိ ကြွယ်ဝချမ်းသာနိုင်ရေးအတွက် ဤနေရာသို့ လာခဲ့ကြခြင်းဖြစ်သည်။ ထိုရည်မှန်းချက်ပန်းတိုင်အတွက် သူတို့သည် ဘယ်အရာကိုမဆို လုပ်နိုင်ကြသည်။

သို့သော် ဟာဆွန်သည် ကမ္ဘာဦးသစ်သီးအောက်တည့်တည့်၌ မတ်တပ်ရပ်နေသည်။ ထိုသစ်သီးကို ခူးရန် သူ့လက်ကို ဆန့်ထုတ်ဖို့သာ လိုအပ်လေသည်။

သူတို့သည် ဘာညှာတာမှုမှ ပြကြမှာမဟုတ်ပါ။

ရေခဲပြာရောင်အရှိန်အဝါသည် ကမ္ဘာဦးသစ်သီး ပတ်ပတ်လည်၌ လှည့်လည်စီးဆင်းနေကြသည်။ ရှေးဟောင်းကုန်းမြေသည် မူလစွမ်းအင်နဲ့ နောက်ထပ်တစ်ဖန် ပြန်လည်မွေးဖွားလာသလိုပင်။

ရှီယန်၏ ကိုယ်ပွားဝိဉာဉ်သည် သူ့ကို အလွန်တုန်ခါသွားစေခဲ့သည်။ ကမ္ဘာဦးသစ်သီးကို ကြည့်ပြီး သူ့စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ပါ။

ကမ္ဘာဦးသစ်သီးထဲက ဆူပွက်သောင်းကျန်းနေသော တုန်ခါမှုများနှင့် စွမ်းအားများသည် ကနဦးနတ်ဘုရားအဆင့်ရောက် သိုင်းပညာရှင်ဒါဇင်ပေါင်းများစွာ၏ စုစုပေါင်းစွမ်းအားနှင့် နှိုင်းယှဉ်လို့ရသည်။ ထိုအချက်သည် မယုံကြည်နိုင်ဖွယ်စရာပင်။

ဤကမ္ဘာပေါ်က မည်သည့်အရာကမှ အရာဝတ္ထုပစ္စည်းများဖြစ်စေ ပုံဆောင်ခဲများဖြစ်စေ ဤမျှကြောက်လန့်တုန်လှုပ်ဖွယ်ကောင်းသည့် စွမ်းအားအဆင့်သို့ မရောက်နိုင်ကြပါ။

အကယ်၍ သူတို့သည် ကမ္ဘာဦးသစ်သီးကို ရနိုင်ကြလျှင် သူတို့သည် တလောကလုံးကို ပိုင်ဆိုင်သွားပြီး သူတို့၏ ကလန်များကို ဂုဏ်ကျက်သရေကျော်ကြားမှုအပေါင်းဆီသို့ ခေါ်ဆောင်သွားနိုင်ကြမည်ဖြစ်သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now