1027

338 43 0
                                    

Chapter 1027: ငါနဲ့လိုက်ခဲ့ပါ

“ဘုန်း…”

မီတာ ထောင်ချီ ရှည်လျားသော သွေးနီရောင်မျဉ်းကွေးသဏ္ဍာန် ဓါးချက်က ရေကန်ပေါ် ကျဆင်းသွားသည့်အချိန် ရေကန်ကို ကာရံထားသော အလင်းလှောင်အိမ်က ကျိုးပျက်သွားသည်။ သန်းပေါင်းများစွာသော အလင်းစက်အလင်းမှုန်များ လွင့်စင်ကုန်သည်။

ဆေးနှင့်ကိရိယာစံအိမ် အစောင့်များအားလုံး ဒေါသတကြီးဖြစ်သွားကြသည်။ သူတို့က ဆဲဆိုကြိမ်းမောင်းကာ ရှီယန်ထံ တိုး၀င်သွားကြသည်။

နောက်ထပ် ဟင်းလင်းပြင်ဆက်ကြောင်းတစ်ခု ပျက်စီးသွားပြီဖြစ်ကြောင်း အာရုံခံမိသောအခါ ရှီယန်၏ အသွင်အပြင်က ပိုမိုရက်စက်ကြမ်းကြုတ်လာသည်။ သူ့ဒေါသများ မိုးထိုးသွားသကဲ့သို့ သူ့အော်ရာကလည်း ကောင်းကင်ကို ဆုတ်ဖြဲလုတတ် မြင့်တက်လာသည်။ ဆေးနှင့်ကိရိယာစံအိမ်၏ အဆင်အခြင်မဲ့ ခေါင်းမာမှုကြောင့် သူပိုဒေါသထွက်သည်။ စိတ်မထိန်းနိုင်ပဲ ကောင်းကင်ကိုမော့ကြည့်ကာ ဟိန်းဟောက်လိုက်သည်။ သွေးအရှိန်အဝါက ကြမ်းတမ်းရက်စက်သော သွေးနဂါးကြီးပမာ လှည့်လည်စီးဆင်းသွားသည်။

ဓါးနီကြီးမှ သွေးနီရောင်မျက်လုံးများ တစ်လုံးပြီးတစ်လုံး ပွင့်လာသည်။ မကောင်းဆိုးဝါးအော်ရာများက သက်ရှိကြယ်တစ်ခုလုံး၏ မျက်နှာပြင်ကို ဖုံးအုပ်သွားသည်။
“ရွှစ်…ရွှစ်…ရွှစ်”

ဓါးနီကြီးမှ သွေးမျက်လုံးများသည် သူ့ထံမှ သတ်ဖြတ်ခြင်းအရှိန်အဝါကို ခံစားရဟန်တူသည်။ ၎င်းတို့သည် ဓါးနီကြီးမှ ပျံထွက်လာပြီးနောက် ရက်စက်ကြမ်းကြုတ်သော မိစ္ဆာပုံရိပ်ယောင်များအဖြစ် ပြောင်းလည်းသွားသည်။ အစွယ်များဖြီးလျှက် လက်သည်းများထုတ်လျှက် ကြောက်မက်ဖွယ်အသွင်ဖြင့် ခြိမ်းခြောက်နေကြသည်။ ခံစားချက်မဲ့သော သွေးမျက်လုံးများက ခြောက်ခြားဖွယ်အကောင်းဆုံးပင်ဖြစ်၏။

ထို သွေးရိပ်ငွေ့တစ္ဆေကောင်များက ရေကန်ထက်တွင် လှည့်လည်ပျံသန်းသောအခါ သိပ်သည်းသော သွေးအရှိန်အဝါက ကန်ရေနှင့်အတူ ရုန်းကြွလာသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Donde viven las historias. Descúbrelo ahora