1078

325 49 0
                                    

Chapter 1078: ဖိအားနှင့် တန်ပြန်အား

သိုင်းသမား တစ်သောင်းကျော် နဲ့ စစ်သင်္ဘောရာချီသည် တောင်တန်းကြီးများပမာ လေးလံသည့် ဖိအားကို ဖြစ်ပေါ်စေ၏။ မိုးစက်မီးလျှံကြယ်နယ်မြေ၏ အင်အားသည် ရှီယန် တွေးထားသည်ထက် သာလွန်နေသည်။

နတ်ဘုရားအလင်းဂိုဏ်းမှ ဆန်နာ နဲ့ ကျူးပို တို့၏ မျက်နှာထားသည် သုန်မှုန်နေသည်။ သူတို့၏ လက်အောက်ငယ်သားများအား နည်းစနစ်ကျကျ ဆက်နေထိုင်ရန် တိုးတိုးတိတ်တိတ် မှာလိုက်ကြသည်။ သူတို့သည် တခြားသူကို မဆင်မခြင် သွားမစရသလို တခြားဖက်နဲ့ အငြင်းပွားစရာတစ်စုံတစ်ခုလည်း မဖြစ်စေအောင် နေထိုင်ကြဖို့ ဖြစ်သည်။ မိန်ယုံလည်း အလွန်အံ့အားသင့်နေပုံပင်။ ခုနလေးတင် ရောက်လာသော လူများကို ကြည့်ရင်း သူ တွေဝေသွားသည်။ ထိုအချိန်၌ သူသည် စကားမပြောတတ်သည့်ပမာ ဆွံ့အနေ၏။

မိုးစက်မီးလျှံကြယ်နယ်မြေ၏ ဤမျှအင်အားစုသည် အာဂါတေးကြယ်နယ်မြေ၏ မည်သည့်အင်အားစုကိုမဆို အနိုင်ယူရန် လုံလောက်သည်။ ထို့အပြင် သူတို့၏ လူအရေအတွက်သည် တခြားအင်အားစုများထက်ပိုများသည်မှာ အသေအချာပင်။

ဤနေရာ၌ နတ်ဘုရားအလင်းဂိုဏ်း၏ သိုင်းသမားသုံးထောင်ကျော်သာ ရှိသည်ကို မဆိုထားနှင့်။ အကယ်၍ ဤအင်အားစုက နတ်ဘုရားအလင်းဂိုဏ်း၏ ဌာနချုပ်ကို သွားတိုက်လျှင်ပင် ထိုနေရာ၌ ကြီးမားသည့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်စေမှာပဲဖြစ်သည်။

ထိုအင်အားစု၏ များပြားသော လွတ်မြောက်နတ်ဘုရားအဆင့်ရောက် သိုင်းပညာရှင် အရေအတွက်က အလွန်ကြောက်စရာကောင်းသည်။ သူတို့အား စိတ်ပိုင်းဆိုင်ရာ အရှုံးပေးလိုမှုပင် ခံစားရစေ၏။

အာဂါတေးကြယ်နယ်မြေသည် ကြီးမားကျယ်ဝန်း၏။ သို့သော် မိုးစက်မီးလျှံကြယ်နယ်မြေ၏ ဤအင်အားစုကို ခုခံရန် အာဂါတေးကြယ်နယ်မြေ၏ အင်အားစု လေးငါးခုလောက် ပူးပေါင်းရန် လိုအပ်မယ်ဖြစ်သည်။

အကယ်၍ ထိုသူတို့က နတ်ဘုရားအလင်းဂိုဏ်း၏ စစ်တပ်ကို ဤဘူးသီးပုံကျွန်းငယ်ပေါ်၌ ရှင်းလင်းသုတ်သင်ချင်လျှင် ၊ ဤနေရာရှိ သိုင်းသမားသုံးထောင်ကျော်ထဲမှ တစ်ယောက်ချင်းစီအား လွယ်လင့်တကူ ချေမှုန်းပစ်နိုင်ကြမည်ဖြစ်သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now