Chapter 1171: ပြန်လည်အသက်သွင်းခြင်းလော
ဓားနီသည် ကျက်သရေကုန်းမြေရှိ အသူရာစစ်တလင်းမှ ရခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ကောင်းကင်ပေါ်မှ ကျဆင်းလာသည့်ဟန်ပေါ်သော်လည်း အမှန်မှာ ၎င်းသည် သွေးသောက်ရှစ်ယောက် ဆရာသခင်၏ လျို့ဝှက်ရတနာတစ်ခုဖြစ်သည်။
သွေးရောင် မျက်လုံးများသည် ပွင့်လာပြီး ရှီယန်သည် လေဟာပြင်ကို တမင်တကာ ဖြတ်ခုတ်လိုက်သည်။ ကောင်းကင်ထက်၌ သွေးမြစ်ရေစီးကြောင်းပေါ်လာသည်။ ထိုမြစ်ထဲ၌ပင် အရိုးကျွန်းစုအများအပြားသည် သွေးနီရောင်တိမ်စိုင်တိမ်ခဲများ သဏ္ဍာန်ဖြင့် တည်ရှိနေကြသည်။ ခဏအတွင်း ထိုမြစ်က ဟာဆွန်ကို လွှမ်းခြုံသွားသည်။
ဟာဆွန်သည် သူ့ဝိဉာဉ်နှင့် အသွေးသားတို့ကို ဆက်လက်လောင်ကျွမ်းစေရင်း သူ့သွေးအရိုးကို ဖြစ်ညှစ်လိုက်သည်။ သွေးအရိုးထဲမှ စွမ်းအားများသည် သက်တန့်တစ်ခုသဖွယ် ပစ်လွင့်လာပြီး ဝဲပျံသွားကြသည်။
သို့သော် ဟာဆွန်က မည်မျှပင် ကြိုးစားနေပါစေ သူ့သွေးအရိုးထဲမှ စွမ်းအားများသည် သွေးမြစ်ရေစီးကြောင်းကြီးကို မထိုးဖောက်နိုင်ပေ။ တစ်ချိန်တည်း၌ သွေးမြစ်ရေသည် သူ့စွမ်းအားအပိုင်းအစကို စုပ်ယူနေသည်။
ဟာဆွန်သည် သူ့နတ်ဘုရားစွမ်းအားကို ကနဦးနတ်ဘုရားအဆင့်ရောက် သိုင်းသမားတစ်ယောက်၏ ကြောက်လန့်တုန်လှုပ်စရာ အဆင့်ထိ ဆွဲတင်လိုက်သည်။ သူ့အသွေးသားခန္ဓာကိုယ်ထဲက စွမ်းအားသည် အလွန်တုန်လှုပ်ဖွယ်ရာဖြစ်ပြီး ပြင်းထန်သော စွမ်းအားသံလိုက်ကွင်းတစ်ခုကို ဖန်တီးလိုက်သည်။ ၎င်းက အကုန်လုံးကို ကြေမွဖျက်ဆီးနိုင်သည်။ သူသည် ထိုပြင်းထန်သော စွမ်းအားကို အသုံးပြုပြီး သွေးမြစ်ရေကို ခုခံချင်နေ၏။
သွေးမြစ်ရေထဲက အဖြူရောင်တိမ်စိုင်များပမာ ဖြစ်နေသည့် အရိုးဖြူကျွန်းငယ်သည် ဤကမ္ဘာ၏ ဆိုးယုတ်ကောက်ကျစ်မှုအားလုံး၏ အရင်းအမြစ်ဖြစ်ဟန်ပေါ်သည်။ ၎င်းတို့က ရှီယန်၏ သွေးကြောဆုံမှတ်များနှင့် ချိတ်ဆက်ထားကြပြီး သူ့ကို မကောင်းသည့်စွမ်းအားများနှင့် ပြည့်နှက်သွားစေခဲ့ကြသည်။ သက်ရှိတိုင်းကို ဖျက်ဆီးလိုစိတ်ပြင်းထန်သည့် အတွေးသည် ထိုနေရာတစ်ခုလုံးကို ရုတ်တရပ် လွှမ်းခြုံသွားသည်။