Chapter 1010: အကျည်းတန်သော စကားများ
ရှီယန်၏ ဝိဥာဉ်ယဇ်ပလ္လင်က ဖြည်းဖြည်းချင်း လည်ပတ်နေသည်။ သူ့မျက်ခုံးနှစ်ခုကြားရှိ အမှတ်အသားသည်လည်း တောက်လာသည်။ ဝိဥာဉ်အသိမျှင်များသည် ဒိုင်းကာထဲသို့ စီးဝင်သွားကြပြီး ဒိုင်းကာပေါ်ရှိ ထူးခြားသော အစီအရင်နဲ့ ချိတ်ဆက်သွားကြသည်။
သွေးအစုအပြုံများ ပေါ်လာပြီး ဆက်တိုက်ပြောင်းလဲနေသည်။ ခဏအကြာ၌ ဆန်းကြာ်ပြီး သဘာဝလွန်အစီအရင် အမြောက်အမြား ဒိုင်းကာပေါ်၌ ထွက်ပေါ်လာသည်။ သွေးတိမ်အစုအပြုံများသည် သူ့နဖူးပေါ်ရှိ အမှတ်အသားထဲက သွေးတိမ်တစ်ခုချင်းစီနဲ့ ပြည့်စုံစွာ ချိတ်ဆက်ထားကြသည်။
အချိန်တိုအတွင်း သွေးအမှတ်အသားသည် ပါးစပ်တစ်ခုအဖြစ် ပြောင်းသွားသည့်သဖွယ် ဖြစ်နေသည်။ ထိုပါးစပ်ထဲ၌ သေးငယ်သော စုပ်ဝဲတစ်ခု ပေါ်လာပြီး ကြီးမားလာသည်။ ၎င်းက ပြင်းထန်၍ အင်အားကြီးသော စုပ်အားတစ်ခုကို ဖန်တီးလိုက်သည်။
သူ့ခန္ဓာကိုယ်ထဲရှိ ခုနှစ်ရာကျော်သွေးကြောဆုံမှတ်များသည် ရုတ်ရုတ်သဲသဲ ဖြစ်လာကြသည်။ ထိုသွေးကြောဆုံမှတ်တစ်ခုချင်းထဲရှိ စုပ်ဝဲများသည် ဒိုင်းကာ၏ အမှတ်အသားနဲ့အတူ လည်နေကြသည်။ ၎င်းတို့သည် ဒိုင်းကာ၏ အပိုဆောင်း စုပ်အားများဖြစ်လာကြသည်။
သူ့မျက်လုံးများ တောက်ပလာသည်။
ဒိုင်းကာကြီးကို မရည်ရွယ်ဘဲ သူ့လက်တစ်ဖက်ဖြင့် ပွတ်သပ်လိုက်သည်။ ဒိုင်းကာ၏ စွမ်းရည်တစ်ခုကို သူ နားလည်သဘောပေါက်မိကြောင်း သိလိုက်သဖြင့် ပြုံးဖြဲဖြဲ လုပ်လိုက်သည်။
ဒိုင်းကာပေါ်ရှိ သွေးအမှတ်အသားတွင် ဝါးမျိုခြင်းစွမ်းအင်အသိ၏ အင်အားကြီးမားသော စုပ်ယူနိုင်စွမ်း ရှိသည်။ ၎င်းသည် စွမ်းအင်များကို စုစည်းပြီး သူ့သွေးကြောဆုံမှတ်များသို့ လွှဲပြောင်းပေးနိုင်သည်။ ဤဒိုင်းကာသည် အကာအကွယ်မှော်ရတနာတစ်ခုသာ မဟုတ်ပေ။ ၎င်းတွင် ပို၍ အံ့သြစရာကောင်းသော စွမ်းရည်များ ရှိသည်။
ရှီယန် တိတ်ဆိတ်သွားသည်။ ဒိုင်းကာ၏ ထူးခြားဆန်းကြယ်မှုကို လေ့လာနေပြီး အချိန်ကုန်သွားမှုကို သတိမပြုမိခဲ့ပေ။