Chapter 1148: အာဏာလုပွဲ
စွမ်းအားပေါက်ကွဲမှုများကြောင့်ဖြစ်လာသော ငလျင်တွေသည် ကျယ်ပြန့်သော ကျွန်းအလယ်မှ တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ ဥက္ကာခဲများကြဲခံထားရသည့်် ကျွန်း သဏ္ဌာန်ဖြစ်နေသည်။ တိုက်ပွဲပြင်းထန်လွန်းသောကြောင့် ကြီးမားတဲ့ အပေါက်ကြီးတွေ ပေါ်လာသည်။ မြေကြီးအပိုင်းအစတွေသည် မြေပြင်အောက်အတွင်းသို့ နစ်မြုတ်သွားခဲ့ပြီ။
မော့ဖူ က သူ့၏ ဝိညာဉ်ပလ္လင်ကို လှည့်ပတ်လိုက်သည်။ မြေဝါရောင် သိမ်မွေ့နက်နဲသော စွမ်းအားတချို့က သူ၏ ခေါင်းအထက်မှာ တဖြည်းဖြည်းပေါ်ထွက်လာသည်။ မီးခိုးရောင် ဖုန်မှုန့်တွေ သဲတွေသည်လည်း တဖြည်းဖြည်း မြင့်တက်လာပြီး ကြမ်းကြုတ်သော တောရိုင်းသတ္တဝါ သဏ္ဌာန် တွေသည် သူ၏ လွတ်မြောက်အကန့်အသတ်ထဲမှ ခုန်ထွက်လာခဲ့သည်။ ကမ္ဘာမြေ၏ စွမ်းအားနှင့် ၄င်းတို့်သည် အစစ်အမှန်ဖြစ်လာခဲ့ပြီး ချက်တာရစ်မိသားစုရဲ့ စစ်သည်တွေကို ကြမ်းတမ်းစွာ တိုက်ခိုက်လေတော့သည်။
ဝူဖန်း၊ ဖူလာ ၊ ရှကျောက် ၊ ကျိုးရှန် နှင့် ကျိုးဟိုင် တို့က သူတို့၏ စွမ်းအားတွေကို ပေါက်ကွဲနေသော မီးတောင်တွေကဲ့သို့ ထုတ်လွှတ်လိုက်ကြသည်။
အေးစိမ့်နေသော ရေခဲကမ္ဘာ ၏ သိမ်မွေ့နက်နဲသည့်် စွမ်းအားများထွက်ပေါ်လာခဲ့သည်။ အခြား မီးငရဲကမ္ဘာသည်လည်း တဖြည်းဖြည်း၀င်းပလာခဲ့သည်။ ကောင်းကင်တစ်ခုလုံးကို ရိုက်ခတ်သွားနိုင်သည့် လျှပ်စီးမိုးကြိုးတွေလည်း ထွက်ပေါ်လာခဲ့သည်။ စစ်သည်တွေအားလုံးသည်လည်း သူတို့၏ စွမ်းအားတွေ ထုတ်လွှတ်လိုက်ကြပြီဖြစ်သည်။ သူတို့၏ လွတ်မြောက်အကန့်အသတ်များက ကောင်းကင်တစ်ခုလုံးကို ဇောက်ထိုးဖြစ်သွားစေနိုင်သည်။ သူတို့အားလုံး အတူတကွ ချက်တာရစ်မိသားစုဝင်တွေကို ဖိနှိပ်ဝိုင်းရံထားလိုက်ကြတော့သည်။ဝူဖန်း ၊ ဖူလာ နှင့် အခြားသူတွေက သူတို့၏ ကိုယ်ခန္ဓာကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်သောကြောင့် သူတို့၏ စိတ်ဒေါသမီးလျှံတွေကို ချက်တာရစ်မိသားစုဝင်တွေ အပေါ်ပုံချလိုက်ကြတော့သည်။ သူတို့အကုန် စာနာစိတ်ကင်းမဲ့ပြီး ရူးသွပ်နေကြပြီ။