Chapter 1182: အရူးဟာဆွန်
ဟာဆွန် ရုတ်တရက် ထွက်ပေါ်လာမှုက တခြားသူများ၏ အာရုံစိုက်မှုကို ရသွားခဲ့သည်။ ဟာဆွန်၏ လုပ်ဆောင်မှုက ဖြစ်လာမယ့် တိုက်ပွဲ၏ အပြောင်းအလဲရလဒ်ကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။
နတ်ဘုရားကလန်ဝင် သိုင်းသမားများသည် အားတက်သွားကြသည်။ ဟိုင် ၊ ဖိလစ် နဲ့ မီအာ တို့သည် သူတို့စိတ်ကို လျော့သွားနိုင်ကြပြီဖြစ်သည်။ သူတို့အားလုံးသည် ဟာဆွန် မည်မျှ ကြောက်စရာကောင်းကြောင်းကို သိထားကြသည့်အတိုင်း ဟာဆွန်သည် အော်ဒရေး သို့မဟုတ် ကျန်းယွင် တစ်ယောက်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်ရန် လုံလောက်အောင် သန်မာကြောင်း သူတို့ သိကြသည်။ ဟာဆွန် ပါဝင်လာသည်နှင့် နတ်ဘုရားကလန်သည် ကမ္ဘာဦးသစ်သီးကို ရနိုင်သည့် အခွင့်အရေး ရကြမည်ဖြစ်သည်။ ၎င်းက သူတို့ကလန်ကို နောက်ထပ်နှစ်ပေါင်းတစ်သောင်းကြာအောင် အင်အားကြီးစေနိုင်မည်ဖြစ်သည်။
သို့သော် ဟိုင်သည် ဟာဆွန်၏ ထူးဆန်းသော အမူအရာကို သတိမပြုမိခဲ့ပါ။
ဟာဆွန်သည် ထွက်ပေါ်လာပြီးနောက် အော်ဒရေး သို့မဟုတ် ကျန်းယွင်တို့ကို မကြည့်ပါ။ သူ့မျက်လုံးများသည် ဟိုင် ပေါ်၌သာ စွဲကပ်နေသည်။
ဟာဆွန်၏ မျက်လုံးများသည် မည်းနက်လာခဲ့သည်။ သူ့မျက်လုံးထဲက အဖြူရောင်အပိုင်းသည် ဖြည်းဖြည်းချင်း အနက်ရောင်ပြောင်းလာခဲ့သည်။ ထိုအချိန်၌ သူ့ကို ကြည့်မိသောအခါ အကုန်လုံးက အလွတ်ကြောက်လန့်တုန်လှုပ်ဖွယ်ရာတစ်ခုခုကို ကြည့်နေကြရသည်ဟု တွေးထင်မိကြသည်။
“ဟာဆွန်”
မီအာက ခေါ်လိုက်သည်။ သူမ မျက်နှာသည် တင်းမာပြီး ဂနာမငြိမ်ဖြစနေသည်။ “နင် ဘာဖြစ်နေတာလဲ”
သူမသည် ဟာဆွန်၏ မူမမှန်မှုကို ပထမဆုံးသတိထားမိသူဖြစ်သည်။
လွန်ခဲ့သည့်နှစ်ပေါင်းများစွာက နတ်ဘုရားကလန်၏ သေခြင်းထောင်ချောက်ထဲ၌ မီအာသည် ဟာဆွန်၏ ဤပုံစံကို တွေ့ခဲ့ရသည်။ သူ့မျက်လုံးများသည် လုံးဝမည်းနက်နေပြီး မျက်ဆံဖြူတစ်ခုမှ မရှိပါ။ မီအာသည် ဟာဆွန်က သေသွားပြီး မိစ္ဆာနတ်ဆိုးတစ်ကောက်က သူ့ကို ပိုင်စီးသွားသည်ဟု ထင်ခဲ့သည်။