1019

352 46 1
                                    

Chapter 1019: ဖျက်ဆီးခြင်းစွမ်းအင်အသိ

ရေခဲတောင်တန်း၏ ရေပြင်ညီမျက်နှာပြင်ပေါ်၌ တင်ပျဉ်ခွေထိုင်ပြီး ရှီယန် ၊ ဖေးလန် နဲ့ တခြားသူများ ဆက်လက်ကျင့်ကြံနေကြသည်။

ဖေးလန် ၊ လီအိုနာ ၊ ကာထို့ နဲ့ ဘန်နီ တို့၏ မျက်ခုံးကြားတွင် ရှိသော သွေးအမှတ်အသား၏ အနီရောင်အရှိန်အဝါသည် ဖြည်းဖြည်းချင်း မှိန်လာသည်။ သူတို့၏ ခန္ဓာကိုယ်ထဲရှိ ထူးဆန်းသော စွမ်းအင်ကို သူတို့၏ စွမ်းအားများ မြင့်တက်လာစေရန်အတွက် ခိုင်ခံ့တည်ငြိမ်အောင် လုပ်နေကြခြင်းဖြစ်သည်။

အချိန်တစ်ခုကြာပြီးနောက် ဖေးလန်သည် ပထမဆုံး နိုးကြားလာသူ ဖြစ်သည်။ ဘန်နီ ကို လေ့လာအကဲခတ်ကြည့်သောအခါ သူမ အလွန်အံ့အားသင့်သွား၏။

ဘန်နီ၏ နတ်ဘုရားခန္ဓာကိုယ်၌ အဖျက်စွမ်းအင်သည် ရှင်းရှင်းလင်းလင်း အတက်အကျ ဖြစ်နေသည်။ သူ့ပုံစံသည် အဆင့်တက်ရန် အရေးကြီးဆုံးသော အချိန်သို့ ရောက်နေပုံပေါ်သည်။ ဆိုးယုတ်သော စွမ်းအင် အလင်းတန်းများသည် ဂယက်ထလာကြပြီး သူ့ကို ထူထူထပ်ထပ် ဖုံးအုပ်လိုက်ကြသည်။ သူ့အရိုးနဲ့ အရိုးဆက်များ သန့်စင်ခြင်းခံရသဖြင့် ဘန်နီ၏ အရိုးများမှ ကွဲအက်ကျိုးကြေသံများ မြည်နေသည်။

ခဏအကြာတွင် လီအိုနာလည်း နိုးကြားလာပြီး မျက်မှောင်ကြုတ်လျက် ဘန်နီကို ကြည့်လိုက်သည်။

ဇူရှီ နဲ့ အရှင်မှော်နက်တို့ကတော့ မတ်တပ်ရပ်လျှက်ရှိကြ၏။ သို့သော် ဘာမှဝင်မပြောကြပေ။ ရှီယန် တို့အဖွဲ့တွင် သူတို့ စိတ်ကူးပင်မယဉ်ရဲသော လျို့ဝှက်ချင်အများကြီးရှိကြောင်းကို သိထားကြသည်။

ထို့နောက်မှ ရှီယန် နိုးကြားလာပြီး ရယ်လျက် ပြောလိုက်သည်။ "ကြည့်ရတာ ကျုပ်တို့ တိုးတက်လာကြတယ်ထင်တယ်"

"ဒီတစ်ခါ ကာထို့ရဲ့ စွမ်းအင်က ပိုပြီး မြန်မြန်ထိုးတက်နေတယ် မကြာခင် သူ အဆင့်တက်လိမ့်မယ်လို့ ငါ ထင်တယ်" လီအိုနာက ပြောလိုက်သည်။

ဖေးလန်လည်း ခေါင်းညိတ်လိုက်သည်။

ဘန်နီ နဲ့ ကာထို့ တို့သည် အလွန်ထူးခြားသော သူတို့၏ စိတ်နယ်မြေ၌ နစ်မြုပ်နေကြဆဲဖြစ်သည်။ တစ်ယောက်သည် သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ကစဉ့်ကလျားစွမ်းအင် လည်ပတ်နေပြီး ၊ နောက်တစ်ယောက်သည် ဂယက်ထနေသော ဖျက်ဆီးခြင်းစွမ်းအင်များ ရှိနေသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now