Chapter 1143: သံသရာစက်၀န်း
မျက်စိကျိန်းစေလောက်အောင် တောက်ပလင်းလက်သည့် မဲနယ်ရောင်မီးလျှံတစ်ခုသည် ဖက်တီး၏ ဘယ်ဘက်မျက်စိသူငယ်အိမ်မှ ပျံထွက်လာခဲ့သည်။ ၎င်းသည် တဖျတ်ဖျတ်လွင့်နေပြီး ပြီး အားပြင်းသည့် ဝိဉာဉ်စွမ်းအားအတက်အကျတစ်ခုကို ထုတ်လွှတ်လိုက်သည်။
ဖက်တီးလေးသည် ပဲစေ့လောက်အရွယ်အစားရှိသည့် သူ့မျက်လုံးများကို မှေးလိုက်သည်။ သူ့ပတ်ဝန်းကျင်ပတ်ပတ်လည်ရှိ တခြားသူများ၏ အော်ရာများကို အာရုံခံရန် မဲနယ်ရောင်မီးလျှံကို အသုံးပြုလိုက်သည်။ မဲနယ်ရောင်မီးလျှံသည် ယိမ်းလှုပ်နေပြီး မျက်တောင်တစ်ခတ်အတွင်း ဝိဉာဉ်အသိစီးကြောင်းများကို မိုင်ပေါင်းရာချီကျော်အထိ ပို့လိုက်သည်။
ထိုလုပ်ရပ်က အချိန်သိပ်မကြာခဲ့ပါ။ မဲနယ်ရောင်မီးလျှံကို သူ့ဦးခေါင်းထဲသို့ ပြန်ရုတ်လိုက်ပြီး အန္တရာယ်ကင်းစွာ ပြုံးလိုက်သည်။ “အဲ့မိန်းကလေးတွေက ငါတို့နဲ့ခပ်ဝေးဝေးနေရာမှာ ရှိနေကြတယ်။ သူတို့ ငါတို့ပြောတာကို သေချာပေါက်ကြားနိုင်ကြမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် ကျက်သရေကုန်းမြေအကြောင်း မင်း ငါ့ကို ပြောလို့ရပြီ။ ဟုတ်သား စကားမစပ် ငါ့နာမည်က ကျန်းယွင် ပါ။ ငါ့ကို ညီလေး ကျန်း ဒါမှမဟုတ် ညီလေးယွင် လို့ခေါ်လို့ရတယ်။ မင်း သဘောပဲ။ အရမ်းသူစိမ်းမဆန်ပါနဲ့”
ဖက်တီးကောင်သည် ကောင်းကင်မွန်းစတားမျိုးနွယ်စုဝင် တစ်ယောက်ဖြစ်သည်။ သို့သော် သူသည် ကျက်သရေကုန်းမြေ၌ မွေးဖွားသည့်သူ မဟုတ်ပါ။ သူသည် မိမိတို့မျိုးနွယ်စုကို မွေးထုတ်ပေးခဲ့သည့် ကျက်သရေကုန်းမြေအကြောင်းကို အမြဲတမ်းသိချင်နေခဲ့သည်။ ကျက်သရေကုန်းမြေမှ လာသူ ကောင်လေးတစ်ယောက်ဖြစ်သည့် ရှီယန်ကို ရုတ်တရက် တွေ့လိုက်ရသောအခါ သူ့ဇာတိမြေအကြောင်း ပိုသိနိုင်သည့် ဤအခွင့်အရေးကို လက်မလွှတ်မှာ အသေအချာပင်။
“ကျက်သရေကုန်းမြေရဲ့ စွမ်းအင်က ကုန်ခန်းသွားခဲ့တယ်။ အဲ့နေရာမှာ နေခဲ့ဖူးတဲ့ သူတွေက အခု အာဂါတေးကြယ်နယ်မြေမှာ နေကြတယ်။ ကျက်သေရကုန်းမြေအကြောင်းပြောရမယ်ဆိုရင် ကမ္ဘာဦးခေတ်၊ ရှေးဦးခေတ်နဲ့ ရှေးခေတ်ဆိုပြီး ရှိတယ်။ သမိုင်းတစ်လျှောက်မှာ သူက ဒီစကြာဝဠာကြီးရဲ့ ဝေးလံချောင်ကျတဲ့ နယ်နိမိတ်အစွန်အဖျားမှာ ရှိနေခဲ့တာ။ အပြင်လောကက လူတွေကို ဆက်သွယ်ဖို့ ခက်ခဲခဲ့တယ်……..”