1116

311 41 1
                                    

Chapter 1116: ယုတ်ညံ့သောအကျင့်

ဖိလစ်တို့ အက်စကော့မိသားစု အုပ်စုတွင် ဖိလစ်အပါအ၀င် သိုင်းသမား ရှစ်ယောက်ရှိသည်။ ဖိလစ်ကလွဲပြီး ကျန်လူများအားလုံး လွတ်မြောက်နတ်ဘုရား တတိယအဆင့်များဖြစ်ကြသည်။ သူတို့အားလုံး အက်စကော့မိသားစုစစ်တပ်မှ အထူးချွန်ဆုံးသူများဖြစ်ကြသည်။

ဖိလစ်သည် အက်စကော့မိသားစုခေါင်းဆောင် ဖစ်ခ် ၏ သားအလတ်ဖြစ်သည်။ ဖစ်ခ်က ဒီသားကို တော်တော်အရေးပေးသည်။ နတ္ထိကြယ်စစ်ဆင်ရေးတွင် သူ့လုံခြုံရေးအတွက် သူ့မိသားစုတွင်ရှိသော အကောင်းဆုံး လွတ်မြောက်နတ်ဘုရားအဆင့်များကို စေလွှတ်ခဲ့သည်။

ဖိလစ်၏ အနီးကပ်ကိုယ်ရံတော်နှစ်ယောက်ဆိုလျှင် ကနဦးနတ်ဘုရားအဆင့်သို့ ခြေတစ်လှမ်းသာလိုတော့သူများဖြစ်သည်။

ဖစ်ခ်တွင် သားသုံးယောက်ရှိသော်လည်း သားကြီးက သာမန်အရည်အချင်းသာရှိခဲ့သည်။ သူ့ကျင့်ကြံမှုက လွတ်မြောက်နတ်ဘုရား ပထမအဆင့်တွင် လမ်းဆုံးသွားသည်။ သားငယ်ကတော့ အရွယ်မရောက်သေးသဖြင့် သူ့ကိုအသုံးမချနိုင်ပါ။ ထို့ကြောင့် သူက ဤသားလတ်ကို အစွမ်းကုန်ပြုစုပျိုးထောင်ခဲ့သည်။

ဖိလစ်သည် ထူးချွန်သောပါရမီရှင်တစ်ယောက်ဖြစ်သည်။ သူက ငယ်ငယ်ရွယ်ရွယ်နှင့် လွတ်မြောက်နတ်ဘုရား ဒုတိယအဆင့်တိုင် တက်လှမ်းနိုင်ခဲ့ပြီး သူ့အစ်ကိုကြီးထက် အများကြီးသာလွန်ကြောင်းပြသခဲ့သည်။ သူသည် အက်စကော့မိသားစုအား နယ်မြေအမြောက်အမြား သိမ်းပိုက်ပေးပြီး မိသားစုအကြီးအကဲများကို ပျော်ရွှင်စေခဲ့သည်။

ဖစ်ခ်က မိသားစုအနာဂါတ်ကို မျှော်တွေးသည်။ ထို့ကြောင့် နတ္ထိကြယ်စစ်ဆင်ရေးတွင် အခြားမိသားစုများနှင့် ပူးပေါင်းရန်အတွက် ဖိလစ်ကို အကောင်းဆုံးအားဖြည့်ပေးခဲ့သည်။

၀ပ်တာသည် အက်စကော့မိသားစု၀င်ဖြစ်၏။ လွတ်မြောက်နတ်ဘုရားအထွတ်အထိပ်အဆင့်ဖြစ်ပြီး ဤစစ်ဆင်ရေးတွင် သူ၏ အထူးတာ၀န်က ဖိလစ်ကို ကာကွယ်ရန်ဖြစ်သည်။ သူသည် မြေကြီးစွမ်းအင်အသိကို ကျင့်ကြံသူဖြစ်ပြီး မကြာမီ ကနဦးနတ်ဘုရားအဆင့်ကိုရောက်တော့မည့် သိုင်းသမားတစ်ယောက်ဖြစ်သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now