Chapter 1080: ယုံကြည်မှုရယူခြင်း
ချွန်ထက်သည့် သတ္တုစွမ်းအားဖြင့် ဖန်တီးထားသော ရွှေရောင်နဂါးဆယ်ကောင် ရှီယန်ထံ မရောက်နိုင်ခင်မှာပင် သရဲမိစ္စာပုံရိပ်ယောင်တို့၏ ချုပ်ကိုင်ခြင်းခံကြရသည်။ သရဲမိစ္ဆာပုံရိပ်ယောင်များသည် ရက်စက်မှု ၊ သွေးဆာမှု၊ ကြမ်းကြုတ်ရူးမိုက်မှုတို့နဲ့ ပြည့်နှက်နေကြသည်။ သူတို့သည်မည်းနက်ပြီး ရေခဲတမျှ အေးစက်၍ ဖြုံလောက်စရာ ဆိုးယုတ်သည့် အရှိန်အဝါကို သယ်ဆောင်ထားကြသည်။
ထိုကြီးမားသည့် သရဲမိစ္ဆာပုံရိပ်ယောင်များသည် ဆိုးညစ်သော ဝိဥာဉ်နဲ့ သေခြင်းစွမ်းအင်တို့ ပေါင်းစည်းမှုရလဒ်ဖြစ်သည်။ ရှီယန်၏ ဝိဥာဉ်ကီအနှစ်သာရအမျှင်လည်း ပါဝင်၏။ သူတို့ထွက်ပေါ်လာကြပြီးနောက် ချက်ချင်းပင် ကောင်းကင်ကို မော့ကြည့်ပြီး အော်ဟစ်မြည်တမ်းနေကြသည်။ အံ့သြတုန်လှုပ်စရာ စွမ်းအားလှိုင်းများကို ထုတ်လွှတ်နေကြ၏။
ရှီယန်သည် လက်တစ်ဖက်ဖြင့် ဟင်းလင်းပြင်ကို ခုတ်ဖြတ်ပြီး အချွန်ထက်ဆုံးဓားရှည်များထက်ပင် ပိုပြီး ချွန်ထက်သည့် ဟင်းလင်းပြင်ဓားလက်အများအပြားကို ထုတ်လွှတ်လိုက်သည်။ ၎င်းတို့သည် အသံတချွင်ချွင်နဲ့ ကျင်းလဲ့ဘက်သို့ အပြုံလိုက်သွားနေကြ၏။
ကျင်းလဲ့ ပတ်ပတ်လည်တွင် ဟင်းလင်းပြင်အက်ကြောင်းများ ထွက်ပေါ်လာသည်။ တောက်ပသော အလင်းတန်းများ ဖြာထွက်နေသည်။
“ချုပ်လှောင်စမ်း"
ရှီယန် အော်လိုက်သည့်အချိန်တွင် သူ့မျက်စိသူငယ်အိမ်များ ကျဉ်းသွားသည်။ ထိုသို့ အော်လိုက်သည်နဲ့ ကျင်းလဲ့ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်သည် ချုပ်လှောင်ခံလိုက်ရ၏။ ၎င်းကို မမြင်နိုင်သော ချိန်းကြိုးများဖြင့် ချည်နှောင်ထားသည့်သဖွယ်ပင်။
ကောင်းကင်နဲ့မြေကြီးစွမ်အင်သည်လည်း ရပ်တန့်သွားသည်။ တိုက်ခတ်နေသည့် လေလည်း ရပ်သွားပြီး စွမ်းအားများကွယ်ပျောက်သွားသည်။ အလင်းများပင် မရွေ့လျားတော့အောင် ဖိအားပေးခံရဟန်တူသည်။
ထိုအချိန်၌ ကျင်းလဲ့သည် ဟင်းလင်းပြင်ထဲ ရုတ်တရက် ရုန်းထလိုက်သည်ကို အကုန်လုံး မြင်ကြရသည်။ သူသည် ခန္ဓာကိုယ်ချုပ်လှောင်ခြင်းမှ ရုန်းကန်နေသည့်သဖွယ်။