1009

381 52 0
                                    

Chapter 1009: သွေးဒိုင်းကာက ပိုလေးလာတယ်

ဖုဝေ့ နဲ့ အန်ယွင် တို့သည် စစ်သင်္ဘောအတွင်းဘက်ရှိ ပိတ်ထားသော အခန်းတံခါးတစ်ခုရှေ့၌ ရပ်လိုက်သည်။ ထို့နောက် တံခါးကို ညင်သာစွာ ခေါက်လိုက်သည်။

အကယ်၍ ရှီယန်သာ သူမ ခန္ဓာကိုယ်ထဲသို့ စွမ်းအင်များကို မထည့်သွင်းပေးခဲ့လျှင် ဖုဝေ့သည် တုလင်၏ တိုက်ခိုက်မှုကို အကြာကြီးတောင့်ခံနိုင်မှာ မဟုတ်ချေ။ ဖုဝေ့ နဲ့ အန်ယွင် တို့သည် ရှီယန်၏ ကူညီပေးမှုကို သူတို့ နှလုံးသားထဲ၌ တစ်သက်လုံးမှတ်ထားကြမည်ဖြစ်သည်။ သူမ၏ စွမ်းအင်များ ပြန်လည်မဖြည့်တင်းရသေးသော ဖုဝေ့သည် စစ်သင်္ဘောပြန်လည်စတင်မထွက်ခွာခင်မှာပင် သူမ၏ ကျေးဇူးတင်မှုကို ပြဿရန် ရှီယန် ထံသို့ လာခဲ့သည်။

ကျောက်တံခါးကို အချိန်အတန်ကြာ သူတို့ ခေါက်လိုက်သည်။ သို့သော် ဘယ်သူကမှ တုံ့ပြန်မလာပေ။ ဖုဝေ့ နဲ့ အန်ယွင်တို့ စိတ်မရှည်စပြုလာသော အချိန်၌ ကျောက်တံခါးသည် ဖြောက်ခနဲ ပွင့်လာပြီး အလွန်ရုပ်ဆိုးသော မျက်နှာတစ်ခု ပေါ်လာခဲ့သည်။

"သူ မင်းကို စွမ်းအင်အများကြီး ပေးခဲ့တယ် သူ့စွမ်းအင်တွေ ပြန်ဖြည့်ဖို့ တံခါးပိတ်ကျင့်ကြံဖို့ လိုတယ် မင်း ဒီမှာ လာပြီး သူ့ကို နှောင့်ယှက်ဖို့ မလိုအပ်ဘူး" လီအိုနာက ဆိုးရွားလှသော အပြုအမူ နဲ့ ပြောလိုက်သည်။ ထို့နောက် တံခါးကို ဝုန်းခနဲ ပိတ်ပစ်လိုက်ပြီး ဖုဝေ့ နဲ့ အန်ယွင်တို့ကို အပြင်ဘက်၌ပင် တားဆီးလိုက်သည်။

ဖုဝေ့ နဲ့ အန်ယွင် တို့နှစ်ယောက်လုံးက လီအိုနာ မျက်လုံးထဲရှိ အေးစက်၍ မကောင်းသည့် စိတ်သဘောထားများကို တွေ့ကြသည်။ သူမသည် သူတို့နှစ်ယောက်ကို သဘောကျသည့်ပုံမပေါ်ပေ။

နှစ်ယောက်လုံးက အံ့သြနေသော မျက်နှာများနဲ့ အကြည့်ချင်းဖလှယ်ကြသည်။

ခဏတာ တွေဝေကြပြီးမှ ဖုဝေ့သည် အားတင်း၍ ခပ်ပါးပါး ပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။ "စိတ်ထဲမထားနဲ့ ကျွန်မတို့ လည်း သွားသင့်တယ် ပြန်ကောင်းမှ ထပ်လာတာပေါ့"

အန်ယွင် ခေါင်းညိတ်လိုက်သည်။ သူမက ဘာအကြံမှ မပေးတော့ဘဲ ဖုဝေ့ နဲ့အတူ ထွက်သွားလိုက်သည်။ ထိုကျင့်ကြံခြင်းအခန်းထဲ၌ ဘာဖြစ်နေလဲဆိုသည်ကို သူတို့ မသိကြပေ။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Donde viven las historias. Descúbrelo ahora