Chapter 1197: လောကကိုဆန့်ကျင်သည့် အကြံအစည်
သူ ဘယ်လိုလုပ်နိုင်ခဲ့တာလဲ။
ရှီယန် တွေဝေနေသည်။ သူသည် ရှင်းမပြနိုင်လောက်အောင် အံသြ သွားခဲ့သည်။ ချက်ချင်းပဲ သူ၏ခေါင်းကိုခါလိုက်ကာ ပြုံးပြီးပြောလိုက်သည်။ "မဖြစ်နိုင်ဘူး"ရှကျောက်၊ ကျိုးရှန်၊ ဝူဖန်း နှင့် အခြားသူတို့သည် သန်မာသောအင်အားစုများ၏ ထူးကဲသော ပါရမီရှင်များဖြစ်သောကြောင့် သူတို့သည် အမိန့်ပေး ညွှန်ကြားသူများ၏ မျိုးဆက်သစ်များဖြစ်ကြသည်။ သေချာသည်မှာ သူတို့သည် မတုံးအကြပေ။
သူတို့သည် ဉာဏ်ကောင်းသည်။
သူတို့ကို ရှီယန်က ရှေးဟောင်းကုန်းမြေတွင် ကယ်တင်ခဲ့ရုံဖြင့် အဘယ်ကြောင့် သူတို့၏ စိတ်များ ဆုံးရှုံးသွားမည်နည်း။ ၎င်းသည် ပုံမှန်မဟုတ်ပေ။
နတ္ထိကြယ်တွင် လူများသည် သူတို့၏လက်များတွဲကာ သူတို့အသက်ကို နတ်ဘုရားရန်မှကာကွယ်ကြသည်။ သူတို့ နတ္ထိကြယ်ဆီက ထွက်ခွာကတည်းက ထိုအခြေအနေသည် ပျက်ဆီးသွားပြီဖြသ်သည်။ အဘယ်ကြောင့် သူတို့ သူ့ကို ရှာဖွေရန်လိုအပ်မည်နည်း။
ရှီယန် နားမလည်ပေ။ရှင်းချန်သည် ပြုံးကာပြောလိုက်သည်။ "မင်း ကိုယ့်ကိုယ်ကို မသိသေးဘဲကိုး"
"တစ်ဆိတ်လောက် ရှင်းပြပေးပါ" ရှီယန်တွင် သဲလွန်စမရှိပေ။
"ဟုတ်တာပေါ့။ ရှကျောက်၊ ကျိုးရှန် ၊ ဝူဖန်း တို့က မင်းကိုရှာနေကြပြီး သူတို့ကိုကယ်ခဲ့တဲ့ မင်းကို သူတို့ရဲ့ ခေါင်းဆောင်အဖြစ်သတ်မှတ်ကြတယ်။ ဒါပေမယ့် အဲ့ဒါက အဓိကအကြောင်းပြချက်မဟုတ်ဘူး။ အဓိကအကြောင်းပြချက်က မင်းက နတ္ထိကြယ် ဆီကနေ ကမ္ဘာဦးသစ်သီးကို ရခဲ့လို့ပဲ။ နောက်ပြီး မင်းက သေခြင်းမဲ့မိစ္ဆာကလန်ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်နေလို့ပဲ" ရှင်းချန်က အသံတိုးတိုးဖြင့်ပြောလိုက်သည်။
ရှီယန် တောင့်တင်းသွားသည်။
"တကယ်တော့ သူတို့ရဲ့ အခြေအနေက သူတို့နတ္ထိကြယ်မှာရှိနေတဲ့ အချိန်နဲ့ အရမ်းမကွာခြားဘူး။ နတ်ဘုရားကလန် က သူတို့အတွက် အကြီးမားဆုံး ဖိအားဖြစ်နေတုန်းပဲ။ အဲ့ကလန်က သူတို့ဆီချည်းကပ်လာနိုင်တယ်။ တကယ်တော့ သူတို့က စည်းလုံးနေရပြီး အချက်အချာကြယ်ဒေသတွေက အင်အားတွေနဲ့ လက်တွဲလို့ နတ်ဘုရားကလန်ကို ခုခံနေရတုန်းပဲ"