1066

356 49 0
                                    

Chapter 1066: နတ်ဘုရားကျောက်တုံး သိုက်တစ်ခု

ရှီယန် ခတ္တတွေဝေသွားပြီးနောက် သူ့မျက်လုံးများ တောက်ပလာသည်။

နတ်ဘုရားအလင်းဂိုဏ်း…အဲ့ဒါက ကျိယောင် ၀င်ရောက်ခဲ့သော ဂိုဏ်းမဟုတ်လား…။

သူတို့ အနောက်ဘက်စွန်းနယ်မြေ၊ ကြယ်ကြေလွင်ပြင်တွင်ရှိစဉ်က အဖိုးကြီးတစ်ယောက်က ကျိယောင်ကို သူတို့၏ နတ်ဘုရားအလင်းဂိုဏ်းသို့ ဖိတ်ခေါ်ခဲ့သည်။ သူ့သခင်၏ တပည့်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ဒါက နှစ်ပေါင်း ဒါဇင်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ သို့သော် ရှီယန်စိတ်ထဲတွင် မနေ့တစ်နေ့ကလိုပင်။
ယနေ့ ရှီယန် ထိုအင်အားစုအကြောင်း နောက်တစ်ကြိမ်ကြားရသည်။ သူလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
“နတ်ဘုရားအလင်းဂိုဏ်းက သရဲအရိပ်အကျဉ်းထောင်ဒေသက မဟုတ်ဘူးမဟုတ်လား”

“အင်း…မဟုတ်ဘူး”
ရှာစင်းယန်မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏မျက်နှာက တည်ကြည်လေးနက်နေသည်။
“နတ်ဘုရားအလင်းဂိုဏ်းက အင်မတန် အင်အားတောင့်တင်းတဲ့ အဖွဲ့အစည်းတစ်ခုပဲ”

ရှီယန်မျက်ခုံးများ မြင့်တက်သွားသည်။

“အာဂါတေးကြယ်နယ်မြေမှာ မျိုးနွယ်စုမဟုတ်တဲ့ အဖွဲ့အစည်းတွေရှိတယ်။ နတ်ဘုရားအလင်းဂိုဏ်းရဲ့ အင်အားက ထိပ်ဆုံးမှာရှိမယ်။ ငါတို့တိုက်ခိုက်ရေးအဖွဲ့အစည်းထက် မလျော့ဘူး။ တစ်ဆင့်လောက်တောင် ပိုသာလိမ့်မယ်”
ရှာစင်းယန်က ပွင့်လင်းစွာပြောသည်။

အာဂါတေးကြယ်နယ်မြေတွင် အင်အားစုများစွာရှိသည်။ အချို့အင်အားစုများက မျိုးနွယ်စုအလိုက်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဥပမာ မွန်းစတားကလန်၊ မိစ္ဆာကလန်၊ သစ်သားကလန်နှင့် တစ္ဆေအမှတ်အသားကလန် စသည်တို့က ထိပ်တန်းအင်အားစုများဖြစ်ကြသည်။ မျိုးနွယ်တူချင်းဖွဲ့စည်းထားသော အုပ်စုများသည် အလွန်အားကောင်းကြ၏။

ထို့အတူ မတူညီသော မျိုးနွယ်စုအသီးသီးမှ သိုင်းသမားများဖြင့် စုဖွဲ့ထားသော အင်အားစုများလည်းရှိသည်။ သူတို့ထဲမှ အချို့သည်လည်း အခြားကလန်များကဲ့သို့ပင် အားကောင်းကြသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now