1084

318 47 0
                                    

Chapter 1084: ကုဟဲ

ဆေးနှင့်ကိရိယာစံအိမ်၏ စစ်သင်္ဘောများသည် တိမ်ပင်လယ်ဒေသ ကောင်းကင်ယံတွင် ထူထပ်သော တိမ်စိုင်အုပ်ကြီးများသဖွယ် ထွက်ပေါ်လာခဲ့သည်။
အောက်ဘက်ရှိ သေးငယ်သော ဧရိယာပတ်ပတ်လည်ကို ဖိအားများပေးနေသည်။

ကျောက်တောင်ကြီးလို ကြီးမားသော ဖိအားက ဧရာမစစ်သင်္ဘောကြီးများပေါ်ရှိ စစ်သည်တော်အုပ်စုကြီးမျာနှင့် ကြည်လင်တောက်ပသော အမြောက်ကြီးများထံမှ တရှိန်ရှိန်ထွက်ပေါ်နေသည်။ ထိုသလင်းအမြောက်ကြီးများက အချိန်မရွေး ပစ်ခတ်နိုင်သော စွမ်းအင်လှိုင်းများ ပြည့်ဝဖြာထွက်လျှက်ရှိသည်။

မီးကလန်၊ သလင်းကလန်နှင့် ရေခဲကလန်တို့သည် တိမ်ပင်လယ်ဒေသ၏ ဤ ဧရိယာလေးကို သုံးဘက်သုံးတန်မှ ဝိုင်းထားသည်။ သူတို့က ကောင်းကင်ယံထက် ပြည့်ပိတ်လျှက်ရှိပြီး ဖိနှိပ်သောအရှိန်အဝါများ ပေးလျှက်ရှိသည်။

ဆေးနှင့်ကိရိယာစံအိမ် အကြီးအကဲ၂ ကုဟဲသည် မီးကလန်၊ သလင်းကလန်၊ ရေခဲကလန်တို့နှင့် ရင်းနှီးသည်။ သူက နတ်ဘုရားအလင်းဂိုဏ်းနှင့်လည်း ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ သူသည် မဟာအကြီးအကဲ ကျားလျိုနှင့် ပုခုံးချင်းယှဉ်နိုင်သော အားကောင်းသည့် ပုံရိပ်တစ်ခုလည်းဖြစ်သည်။

ယခုအချိန်တွင် ကျားလျိုက နိမ့်ပါးသွားပြီဖြစ်ကာ သောင်ပြင်လွှတ်သည့်ခွေးလို ပြေးနေရပြီဖြစ်သည်။ ဘယ်သူမှ လိုက်မရှာနိုင်သောနေရာတွင် ပုန်းခိုနေရသည်။ ထိုအခါ ကုဟဲသည် ဆေးနှင့်ကိရိယာစံအိမ်၏ ညီလာခံမှတဆင့် နေ့ချင်းညချင်း အရှင်သခင်တစ်ပါးဖြစ်လာခဲ့သည်။ ယခုက ဆေးနှင့်ကိရိယာစံအိမ်၏ ဌာနခွဲများအားလုံးတွင် သူ၏ အာဏာထူထောင်ရန်အချိန်လည်းဖြစ်သည်။

ရှောင်အန်၊ ယွီရှန်နှင့် မိုးစက်မီးလျှံကြယ်တာရာနယ်မြေသားများအားလုံး ကောင်းကင်ထက်ကိုကြည့်ကာ သုန်မှုန်သောမျက်နှာထားများဖြင့်ရှိကြသည်။

ပတ်၀န်းကျင်ရှိကျွန်းများတွင် ကမ်းဆိုက်ထားခဲ့သော မိုးစက်မီးလျှံကြယ်နယ်မြေ၏ စစ်သင်္ဘောများသည်လည်း အသင့်ပြင်ဆင်လိုက်ကြသောအခါတွင်တော့ အခြေအနေအားလုံးက စစ်ပွဲကြီးတစ်ခု ဆင်နွှဲရန် အဆင်သင့်ဖြစ်သွားလေတော့သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now