Chapter 1085: ဝှက်ဖဲတစ်ချပ်
ယွီရှန် ၊ ရှောင်အန် ၊ မိန်ယုံ နဲ့ ကျူးပို တို့ အံ့အားသင့်သွားကြသည်။ သူတို့၏ မျက်လုံးများ ထူးဆန်းကုန်၏။
ဤနေရာ၌ ရှိနေကြသော လူအားလုံးသည် ကုဟဲ ကြောင့် စိတ်လေးလံနေကြသည်။ သူတို့နောက်၌ ရှိနေသော အဖွဲ့အစည်းကို စဉ်းစားဖို့လိုသဖြင့် ကုဟဲအား တိုက်ရိုက်ရင်မဆိုင်ရဲကြပါ။
အဘယ်ကြောင့်ဆိုသော် ကုဟဲသည် ဆေးနှင့်ကိရိယာစံအိမ်ကို ကိုယ်စားပြုသည့် သူ ဖြစ်သောကြောင့်ပင်။
ရှီယန်ကမူ ကွဲပြားသည်။ အာဂါတေးကြယ်နယ်မြေအတွင်း ဆေးနှင့်ကိရိယာစံအိမ်၏ မြင့်မြတ်သော နေရာအကြောင်းကို သူ ဂရုမစိုက်ပါ။ ကုဟဲ နဲ့ သူ့အင်အားစုအပေါ် သူ၏ မယုံသင်္ကာဖြစ်နေမှုကို တိုက်ရိုက်ပင် မေးချလိုက်သည်။
ကုဟဲ ဖြူဖပ်ဖြူရော် ဖြစ်သွား၏။
သူ့နောက်၌ ရပ်နေကြသော ကျင့်ကြံခြင်းအဆင့်မြင့်သည့် သိုင်းသမားအချို့သည် ဒေါသတကြီးနဲ့ သတ်ဖြတ်ချင်သည့် စိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားကုန်ကြ၏။ သူတို့ထဲမှ လူတစ်ယောက်သည် ကနဦးနတ်ဘုရား ဒုတိယအဆင့်ကို ရောက်နေ၏။ ထိုသူသည် ဆေးနှင့်ကိရိယာစံအိမ်၏ လျို့ဝှက်အကြီးအကဲတစ်ယောက်ဖြစ်ပြီး သူ့နာမည်သည် အင်နို ဖြစ်၏။ ဤသိုင်းပညာရှင်သည် ဝိဥာဉ်မန္တာန်အကျင့်ကို ကျင့်ကြံထားသည်။
အင်နို မျက်မှောင်ကြုတ်လိုက်သည်။ သူ့မျက်လုံးများသည် ရုတ်တရက် အဆုံးမရှိသော အသူရာချောက်နက်ပမာ မည်းမှောင်သွားသည်။ ရှီယန်ကို သူ စိုက်ကြည့်လိုက်၏။
ခန္ဓာကိုယ်မှ ဝိဥာဉ်ယဇ်ပလ္လင်ကို ဆွဲထုတ်နိုင်လောက်သည့် ထူးဆန်းပြီး ရက်စက်ကြမ်းကြုတ်သော ဝိဥာဉ်စွမ်းအားတစ်ခုသည် ရှီယန်၏ ဝိဥာဉ်ထံသို့ ချက်ချင်းပိတ်ပင်တားဆီးလိုက်ပြီး သူ့ခန္ဓာကိုယ်မှ သူ့ဝိဥာဉ်ကို ဆွဲထုတ်ရန် ကြိုးစားနေသည်။
ယွီရှန် နဲ့ ရှောင်အန် တို့ သွေးဆုတ်သွားကြသည်။
ရှာစင်းယန် နဲ့ ကျိယောင် တို့လည်း အေးစက်သွားကြ၏။