Chapter 1097: လှုပ်လှုပ်ရှားရှားဖြစ်သွားခြင်း
ရှကျောက်၏ ရင်ဘတ်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည်။ သူ၏ နတ်ဘုရားအသက်ဂူကောင်များ လည်း ဒဏ်ရာရသွားသည်။ သူ၏ အဆိပ်ရှိမိစ္ဆာပိုးမွှားများက ရှီယန်၏ ဝိဉာဉ်ယဇ်ပလ္လင်ကို မတိုက်ခိုက်နိုင်သဖြင့် ရှီယန်နဲ့ နောက်ထပ်မတိုက်ခိုက်ချင်တော့ပါ။ အခြေအနေ ဆိုးလာသောအခါ သူသည် ပြတ်ပြတ်သားသားပင် ထွက်ပြေးရန်ရွေးချယ်လိုက်သည်။
အဆိပ်ရှိပိုးမွှား သန်းပေါင်းများစွာသည် မည်းနက်သည့် အစုအပြုံကြီးတစ်ခုအဖြစ်သို့ လူးလွန့်နေကြပြီး မြေကြီးထဲ မီတာထောင်ပေါင်းများစွာနက်သည်အထိ တူး၀င်လိုက်ကြ၍ နေရာတိုင်းတွင် ပျံ့နှံ့ကုန်ကြသည်။
လုံးဝန်းသည့် ပိုးမွှားများသည် ဆက်တိုက်ပေါက်ကွဲနေကြပြီး ပြင်းထန်သည့်ပေါက်ကွဲလှိုင်းများကို ဖန်တီးနေကြသည်။
ရှီယန်သည် လေဆင်နှာမောင်းပမာ စွမ်းအားထဲတွင် ရောက်နေပြီး အလင်းတန်းကြိုးများက သူ့ပတ်ပတ်လည်တွင် ချာလပတ်လည်၍ သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသည်။
ပေါက်ကွဲသည့်စွမ်းအားများ ကုန်သွားပြီးနောက် ၎င်းပိုးမွှားများ၏ ခန္ဓာကိုယ်များသည် ပြာမှန့်အဖြစ်သို့ ပြောင်းသွားကြပြီး ပျောက်ကွယ်သွားကြသည်။ ထို့အပြင် တခြားအဆိပ်ရှိပိုးမွှားများသည် ထွက်ပြေးရန် မြေအောက်ထဲသို့ ထွက်ပြေးကုန်ကြသည်။
ရှီယန်ရှေ့ ဗွက်အိုင်ထဲတွင် လက်တစ်သောင်းတစ္ဆေကြိမ်ပင်၏ နွယ်ပင်များသည် ပြန်လည်အသက်၀င်လာကြသည့်ပမာ လှုပ်ရှားယိမ်းနွဲ့နေကြသည်။
သိသာသည့် မြေကြီးနဲ့ကောင်းကင်စွမ်းအင်အရေအတွက်သည် နေရာတိုင်းမှ လက်တစ်သောင်းတစ္ဆေကြိမ်ပင်ထံ စုစည်းလာကြသည်။ ၎င်းစွမ်းအင်များသည် ပယင်းအရောင်အဆင်းရှိပြီး သာမာန်မျက်စိနဲ့ပင် မြင်နိုင်သည်။ လက်တစ်သောင်းတစ္ဆေကြိမ်ပင်သည် ဤရှေးဟောင်းကုန်းမြေတွင် ဒေသခံတစ်သစ်ပင်တစ်မျိုးဖြစ်သဖြင့် မြေကြီးနဲ့ကောင်းကင်စွမ်းအားကို စုစည်းခြင်းဖြင့် သူ့ကိုယ်သူ ပြန်ကောင်းစေနိုင်သည်။ ယခုအခါ ၎င်းသည် အမြန်ဆုံးနှုန်းနဲ့ ပြန်ကောင်းနေသည်။