Chapter 1023: မပြောင်းလည်းသော အချစ်များ
ကြည်လင်သော ကန်ရေပြင်၏ တစ်ထောင့်တစ်နေရာတွင်
ဖုဝေ့ မတ်မတ်လေး ရပ်နေသည်။ အပြာရောင်၀တ်စုံကို အစိမ်းရောင်ခါးပတ်လေး ပတ်ထားသောကြောင့် သေးကျဉ်သော ခါးလေးက ပေါ်လွင်နေသည်။
သူမသည် ဖူးပွင့်လာသော ကြာပန်းတစ်ပွင့်နှယ် သန့်စင်လှပနေသည်။စစ်ရထားတစ်စင်းက လေမုန်တိုင်းသဖွယ် ဆင်းသက်လာသည်။ စစ်ရထားထဲမှ လူများ တစ်ဦးချင်း ထွက်လာပြီး သူမရှေ့တွင် ခြေချလိုက်ကြသည်။
ရှီယန်က သူတို့ကို ဦးဆောင်ကာ တောက်ပသောအပြုံးဖြင့်
“မင်္ဂလာပါ မမလေး”ဖုဝေ့က မျက်နှာထားကို သက်သောင့်သက်သာပြင်လိုက်ရင်း နူးညံ့စွာပြုံးပြကာ
“နင် ငါ့ကို အရေးတကြီးပြောစရာရှိတယ်ဆို”ရှီယန် ခေါင်းညိတ်ကာ အလေးအနက်ဖြင့်
“အဲ့ဒီကိစ္စက အရေးကြီးတယ်။ မဟုတ်ရင် ငါ မင်းတို့ကို မနှောက်ယှက်ပါဘူး”“အရမ်းအရေးကြီးတယ်လား”
ဖုဝေ့က ဇူရှီ၊ အရှင်မှော်နက်နှင့် ကျန်လူများကို ဝေ့ကြည့်လိုက်သည်။ သူမ ပြုံးလိုက်ရင်း
“နင့်ကြောင့်သာမဟုတ်ရင် တုလင်ရဲ့ စိန်ခေါ်မှုကို ငါယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူး။ ဦးလေးတု ရောက်မလာခင်ကတည်းက ငါနင့်ကို သေချာကျေးဇူးဆပ်သင့်တာ။ သူက နင့်ကို နားလည်မှုလွဲသွားတယ်။ အဲ့ဒီအတွက် ငါနင့်ကို တောင်းပန်ရဦးမယ်”လက်ကိုဝှေ့ယမ်းလိုက်ရင်း ရှီယန်က စိတ်ထဲမရှိဟန်ဖြင့်ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး။ သူ ငါ့ကို အထင်လွဲလွဲ မလွဲလွဲ ငါဂရုမစိုက်ပါဘူး။ တုလင်ကိစ္စမှာလည်း ငါကူညီတာ နည်းနည်းပါ။ နင်က သန်မာပြီးသားပဲ”“နင်မဟုတ်ဘူးလား”
ဖုဝေ့က အဓိပ္ပါယ်ပါပါပြုံးလိုက်ရင်း
“မိုးပေါ်က ကျလာတဲ့ သွေးနီရောင်ဒိုင်းကာကြီးက နင်နဲ့ မပတ်သက်ဘူးလား”“မပတ်သက်ပါဘူး”
ရှီယန်က ခပ်တည်တည်ပင် ခေါင်းခါလိုက်သည်။ဖုဝေ့က တခစ်ခစ်ရယ်မောကာ မျက်လုံးချင်းဆုံအောင်ကြည့်လိုက်ရင်း
“ငါတို့ အဲ့ဒီအကြောင်း မပြောတော့ပါဘူး။ အဲ…အကြီးအကဲတစ်ယောက်က နင့်ကို တွေ့ချင်လို့တဲ့။ သူမက ငါတို့ ဆေးနှင့်ကိရိယာစံအိမ်ရဲ့အဆင့်အမြင့်ဆုံးထဲမှာပါတယ်။ သူမက ငါ့အပေါ် ကောင်းပါတယ်။ ဒါပေမဲ့ နင်နဲ့ငါ့ကြားက ဆက်ဆံရေးကို သူစိတ်ပူနေတာ။ နင်စဉ်းစားပါ”