1107

305 47 1
                                    

Chapter 1107: ကြယ်စင်သစ်ပင်နှင့်သစ်သီးများ

အပြာရောင်လျှပ်စီးတန်းတစ်ခုသည် မှောင်မည်းပြီး စိုစွတ်နေသော နွံပြင်ထက်တွင် လျှပ်ခနဲ လက်သွားပြီး မျက်တောင်တစ်ခတ်အတွင်း ကွယ်ပျောက်သွားသည်။

ရှန်းယင်းယွီသည် အလျင်အမြန် ထွက်ပြေးနေသည်။ ထိုနေရာ၌ သူမ မနေရဲခြင်းမှာ ကျန်နေခဲ့ခြင်းက အသုံးမဝင်ဘူးဆိုသည်ကို သူမ သိသောကြောင့်ဖြစ်သည်။ သူမသည် မောက်မာသော်လည်း ပိုင်မိသားစု၏ သိုင်းသမားလေးယောက်နဲ့ တန်းညီပြိုင်ဖက်မဟုတ်ကြောင်း သူမ သိထားသည်။ ဆန်းကြယ်သည့် မီအာကို ထည့်ပြောဖို့ပင် မလိုတော့ပါ။

ဝူပိုင် နဲ့ ဝူဖန်းတို့ စွမ်းအားများကို ပြန်လည်ရုပ်သိမ်းလိုက်ကြသည်။ သူတို့မျက်လုံးထဲ မီးလျှံများ တောက်လောင်နေလျက် ထိုနေရာမှ ထွက်သွားကြသည်။

မီအာသည် အသူရာချောက်နက်ထဲမှ ကြယ်တာရာသစ်ပင် ထွက်ပေါ်လာသည့် နေရာတွင် မတ်တပ်ရပ်နေသည်။ သူမ၏ မျက်နှာလှလှလေးသည် ဆီးနှင်းခဲများအလွှာလိုက်ရှိနေသည့်သဖွယ် အလွန်အေးစက်နေသည်။ သူမ လက်မောင်းကို ခါရင်း တိုက်ရိုက်ပြောလိုက်သည်။ "ဒီနေရာကို ဗဟိုပြုလို့ လူခွဲပြီး သူတို့ကို လိုက်ဖမ်းကြပါ။ အဲ့ကောင်စုတ်က လွတ်မြောက်နတ်ဘုရား ပထမအဆင့်ပဲ ရောက်သေးတာ။ သူ့ကို ရှာတွေ့ရင် မင်းတို့ထဲက ဘယ်သူမဆို သူ့ကို သတ်ခဲ့လိုက်လို့ရတယ်"

ပိုင်မိသားစု၏ သိုင်းသမားသုံးယောက်သည် မီအာ၏ ညွှန်ကြားချက်ကို အဓိကမထားကြပါ။ ပိုင်ဟောက်ကိုသာ ကြည့်လိုက်ကြ၏။

ပိုင်ဟောက်သည် ခေါင်းညိတ်ပြီး ကျန်သုံးယောက်ကို မျက်စိမှိတ်ပြလိုက်သည်။ ခပ်ရေးရေးနဲ့ပင် သူ ပြောလိုက်သည်။ "သူတို့ကို လိုက်ဖမ်းကြပါ"

အရိပ်လေးခုသည် သက်တံ့လေးခုသဖွယ် မတူညီသည့် ဦးတည်ရာလေးခုဘက်သို့ ထွက်သွားကြသည်။ မျက်တောင်တစ်ခတ်အတွင်း သူတို့သည် မြင်ကွင်းမှ ပျောက်ကွယ်သွားကြသည်။

အကုန်လုံး ထွက်သွားကြပြီးနောက် မီအာ၏ မျက်လုံးများသည် အကြံအိုက်သလို ဖြစ်သွားခဲ့သည်။ စိတ်ဆင်းရဲခြင်းကြီးစွာဖြင့် တဖျစ်တောက်တောက် မြည်တွန်နေသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now