Chapter 1132: အဓိကလူ
စီစီလျာ ထွက်သွားသည်နှင့် ရှီယန်သည် ထိုနေရာပတ်ပတ်လည်တွင် သွက်လက်စွာ လှုပ်ရှားပြီး အစီအရင်အသေးစားတစ်ခု ချမှတ်လိုက်သည်။
ထို့နောက် စိမ်းလန်းအုပ်ဆိုင်းသည့် ရှေးဟောင်းသစ်ပင်ကြီးတစ်ခုကို ချက်ချင်းရှာလိုက်ပြီး တိုးဝင်လိုက်သည်။ မျက်လုံးမှိတ်ပြီး သူ့စွမ်းအားများကို လည်ပတ်စေလိုက်သည်။ သူ့သွေးကြောဆုံမှတ်ထဲ၌ စွမ်းအားများကို ညှိယူပြင်ဆင်ပြီး သူ့ကိုယ်သူ သတိနိုးကြားနေအောင် လုပ်ထားလိုက်သည်။
ကန်ထဲ၌ အသတ်ခံရသည်က ပိုင်ဟောက်တို့အုပ်စုနှင့် အန်ဒိုဖြစ်သည်။
မော့ဖူ ၊ ရှကျောက်၊ ရှန်းယင်းယွီ တို့ ချမှတ်ထားခဲ့သော ထောင်ချောက်များတွင် အသတ်ခံရသည်က ဖာနန်ဒက်မိသားစု၀င် သိုင်းသမားအချို့ဖြစ်သည်။ လူသေများထံမှ ကီအနှစ်သာရများကို သူစုပ်ယူနိုင်ခဲ့သည်။ ထိမျှ ပမာဏကြီးမားလှသော စွမ်းအင်များကို သူ့သွေးကြောဆုံမှတ်များထဲ၌ သန့်စင်နေသည်။
ဤတစ်ခါ ကီအနှစ်သာရစီးဆင်းမှုသည် သူ့အတွက် အလွန်ပေါများနေသည်။ စစ်ဆေးခြင်းလုပ်ဆောင်နေသည့်အဆင့်၌ သူ့စိတ် ကစဉ့်ကလျားဖြစ်သည့် အခြေအနေသို့ ရောက်သွားနိုင်သည်။ ထိုအဖြစ်ကို စီစီလျာအား မြင်ခွင့်ပေးမည်မဟုတ်သည်မှာ အသေအချာပင်။
ကြယ်စင်သစ်သီးကို သန့်စင်ပြီး လွတ်မြောက်နတ်ဘုရား ဒုတိယအဆင့်သို့ ရောက်သွားပြီးနောက် သူ့ခန္ဓာကိုယ်ထဲရှိ ရှေးဟောင်းကီသစ်ပင်သည် အဆများစွာ ကြီးထွားဖွံ့ဖြိုးလာပြီး နတ်ဘုရားစွမ်းအင် ပမာဏအများအပြားကို ပိုမိုသိုလှောင်နိုင်ခဲ့သည်။
အန်ဒို ၊ ပိုင်ဟောက် နဲ့ တခြားသူများထံမှ ရသည့် ကီအနှစ်သာရက သူ့ကို ကျေနပ်သွားစေနိုင်သည်။ ၎င်းတို့သည် သူ့ရှေးဟောင်းကီသစ်မင်းပင်ကို ဖြည့်ပေးကြသဖြင့် သူ့နတ်ဘုရားစွမ်းအားသည် ပြည့်လျှံလာပြီး သန့်စင်သွားသည်။ လွတ်မြောက်နတ်ဘုရား ဒုတိယအဆင့်၏ အမြင့်ပိုင်းသို့ ရောက်သွားတာပင်ဖြစ်သည်။ ထို့ကြောင့် စွမ်းအင်အသိများကို နားလည်သဘောပေါက်ရာ၌ ပိုအားစိုက်ထုတ်စေရန်လည်း သူ့အတွက် လွယ်ကူချောမွေ့သွားစေသည်။