Chapter 1076: မီးလျှံသုံးခု ပေါင်းစည်းခြင်း
စွမ်းအင်အသိတို့ မြစ်ဖျားခံရာဒေသ၌
ကြီးမားကျယ်ပြောသည့် ပင်လယ်ပမာ ကျယ်ဝန်းသော မီးစွမ်းအင်အသိများ စုစည်းသည့် နေရာတစ်ခု၌ မီးလျှံများသည် သက်ရှိများသဖွယ်ယိမ်းနွဲ့လှုပ်ရှားရင်း ခုန်ပေါက်နေကြ၏။ တစ်ခါတစ်ရံ လေထဲ၌ ဝင်းလက်တောက်ပသော အလင်းတန်းဖြင့် လှပစွာ ဝေ့ဝိုက်ပျံသန်းသွားကြသည်။
ထူးခြားသည့် ၎င်းမီးလျှံတစ်ခုချင်းစီသည် ၎င်းတို့၏ အဆန်းကြယ်ဆုံး စွမ်းအားကို ထုတ်ပြနေကြသည်။ ၎င်းကို လေ့လာရန် ဝိဥာဉ်ရော စိတ်ပါ နစ်ထားသည့် သိုင်းသမားများသည် ထိုမီးလျှံများ၏ ပြောင်းလဲပုံအားလုံးကို နားလည်ပြီး မီးစွမ်းအားကို သဘောပေါက်နိုင်ကြသည်။ ထို့နောက် သူတို့၏ မီးစွမ်းအင်အသိများအား အင်အားကြီးလာစေရန် သူတို့ဝိဥာဉ်ထဲ၌ ၎င်းတို့ကို စုပ်ယူနိုင်၏။
မီးပင်လယ်ကြီး၏ အလယ်ဗဟို၌ ဝိဥာဉ်နှစ်ခုလွင့်မျောနေကြသည်။ သူတို့ထဲမှ တစ်ခုတွင် ပြင်းထန်သော ဝိဥာဉ်စွမ်းအားစက်ကွင်းကြီးရှိပြီး ဝင်းလက်တောက်ပသော မီးလျှံလုံးတစ်ခုနှင့်တူသည်။
၎င်းစွမ်းအားစက်ကွင်းသည် မီးစွမ်းအင်အသိများ စုစည်းထားသော ဤနေရာရှိ မီလျှံအများအပြားနဲ့ အချိန်ကိုက် လှုပ်ရှားနေဟန်ပင်။ ၎င်းသည် ထိုမီးလျှံများ၏ ထူးခြားဆန်းကြယ်မှုကို နားလည်ဟန်ဖြင့် လှုပ်ရှားနေ၏။ တစ်ချိန်တည်း၌ ၎င်းပတ်ပတ်လည်ရှိ မီးလျှံများသည် စတင်တွန့်လိမ်ပြီး ပြောင်းလဲသွားသည်။ အလျှံငြီးငြီးတောက်ပပြီး အလွန်ကောင်းမွန်သော မျဉ်းကြောင်းများအဖြစ် ပြောင်းလဲသွားကြ၏။
မီးလျှံများ၏ တူညီသော အရှိန်အဝါ ရှိသည့် ဝိဥာဉ်စွမ်းအားအတက်အကျ သုံးခုသည် မီးလျှံလုံးမှ ထွက်ပေါ်လာပြီးနောက် အလင်းတန်းတစ်ခုအဖြစ် ဖြည်းဖြည်းချင်း သိပ်သည်းပါးလွှာလာပြီး ဆွဲဆန့်သွားသည်။
ထိုအချိန်တွင် စွမ်းအင်အသိတို့မြစ်ဖျားခံရာဒေသအတွင်း ကြော့ရှင်းတင့်တယ်သော ပုံရိပ်နှစ်ခု ပေါ်လာကြပြီး မီးစွမ်းအင်အသိများ ရှိသည့်နေရာ အရှေ့၌ ရပ်တန့်လိုက်ကြသည်။