1135

311 42 0
                                    

Chapter 1135: နယ်စပ်ဖြတ်ကျော်

ဟိုင် နဲ့ ပေတွန်တို့ မှင်သက်ပြီး ရပ်တန့်နေကြသည်။

ဘရက်ဒလေမိသားစု၏ သိုင်းသမားများ စိတ်ရှုပ်ထွေးသွားကြ၏။ သူတို့လည်း ရပ်သွားကြပြီး သူတို့နား၌ ခပ်ကျဲကျဲ နဲ့ ရပ်ပြီး ဘုမသိဘမသိ ကြည့်နေကြသည်။

ဟိုင်၏ လက်ချောင်းများသည် အသံကျောက်တုံးကို ဟိုဘက်ဒီဘက်လှည့်ပြီး ကစားနေသည်။ သူ စကားထပ်ပြောချင်သော်လည်း အသံကျောက်တုံးသည် နောက်ထပ်တစ်ခါ လင်းလက်မလာတော့ပါ။ တဖက်ကလူနဲ့ သူ နောက်ထပ်မချိတ်ဆက်နိုင်တော့ပေ။

ပေတွန် မျက်နှာရှုံ့မဲ့သွားသည်။ သူ့မျက်ခုံးများကို ကြုတ်ပြီး သူ့စိတ်အနှောင့်အယှက်ဖြစ်နေမှုကို ထုတ်ပြလိုက်သည်။

ယွီကျားသည် ဘရာမို့စ် မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။ သူသည် လွတ်မြောက်နတ်ဘုရား အထွတ်အထိပ်အဆင့်ကို ရောက်ပြီး သူ့အစွမ်းအစသည် အလွန်အင်အားကြီးသည်။ သူသည် သိုင်းပညာရှင် အချွေအရံ အများအပြားကို ခေါ်သွားခဲ့သည်။ သူ့အဖွဲ့၏ ယေဘုယျအစွမ်းအစသည် မီအာ သို့မဟုတ် ဖိလစ်တို့ထက် ပိုသန်မာသည်။ သို့သော် ယွီကျားသည် သူ တာဝန်ယူထားသည့် ပိုင်နက်ကို ရှင်းလင်းရန် သူ၏ အင်အားကြီးအဖွဲ့ကို မဦးဆောင်နိုင်ခဲ့ပါ။ ဆန့်ကျင်ဘက်အနေနဲ့ သူ့အဖွဲ့များသည် အသတ်ခံကြရသည်။

ပေတွန်သည် ထိုအချက်ကို လက်ခံရန် ခက်ခဲနေသည်။

တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ ဟိုင်ကို လှမ်းကြည့်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ “ယွီကျားက ဘရာမို့စ်မိသားစုက လာခဲ့တာ။ သူတို့အားလုံး အသတ်ခံရတယ်ဆိုရင် ရှင်းပြဖို့ ငါတို့အတွက် ခက်ခဲသွားမှာပဲ။ သူတို့ရန်သူတွေကို ငါတို့ မရှင်းလင်းနိုင်ရန် ဘရာမို့စ်မိသားစုကို သင့်တင့်လျော်ကန်တဲ့ ဖြေရှင်းချက် ငါတို့ ပေးနိုင်မှာ မဟုတ်ဘူး”

ဟိုင် မျက်စိမှေးလိုက်သည်။ ခဏစဉ်းစားပြီးမှ သူ ခေါင်းညိတ်လိုက်သည်။ “ငါ သူတို့ကို သင့်တင့်လျောက်ပတ်တဲ့ ဖြေရှင်းချက် ပေးလိုက်မယ်”

မီအာ နဲ့ ဖိလစ်တို့ကို မြန်မြန်ပြန်ဆက်သွယ်လိုက်ပြီး ရှီယန်တို့အဖွဲ့နောက်သို့ ဆက်လိုက်ရန် ပြောလိုက်သည်။ ပိုင်နက်အသစ်သို့ သွားရသည့် အလွှာကို မဖြတ်ကျော်ဖို့ သူတို့အား သေသေချာချာ မှာကြားလလိုက်သည်။ သူ ရောက်မသွားခင်အထိ သူတို့ စောင့်နေရမည်ဖြစ်သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Onde histórias criam vida. Descubra agora