Chapter 1172: ဟာဆွန်ဒဏ္ဍာရီ
ရွှမ်ရှန်း၏ အရိုးဆယ့်ကိုးခုလုံးသည် သန့်စင်သော အလောင်းကောင်ကီစွမ်းအင်များကို ထုတ်လွှတ်နေကြပြီး ဟာဆွန် ပတ်ပတ်လည်၌ ဝဲပျံတိုက်ခတ်နေကြသည်။
ဟာဆွန်၏ အရိုးသာသာ ခန္ဓာကိုယ်မှ အသွေးအသားများ နောက်ထပ်တစ်ခါ ပြန်လည်ဖြစ်တည်လာခဲ့သည်။ သူ့သွေးကြောများသည် ပြန်ချိတ်ဆက်သွားကြပြီး သာမာန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းနဲ့ သူ့ကို ပြန်အသက်သွင်းနေသည်။
တဖြည်းဖြည်းနဲ့ သွေးအရိုးများသည် ကြေမွသွားကြပြီး အရိုးမှုန့်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။ ထို့နောက် ဟာဆွန်၏ အသားအရေ ၊ အရိုး နှင့် သွေးကြောများထဲသို့ ဝင်သွားကြပြီး သူ့အစိတ်အပိုင်း ဖြစ်လာကြသည်။ သွေးတိမ်တိုက်အမှတ်အသားသည် ဟာဆွန်၏ နဖူးအလယ်၌ ဖြည်းဖြည်းချင်း ပိုထင်ရှားမြင်သာလာခဲ့သည်။
ရှီယန် မှင်သက်ဆွံ့အနေခဲ့သည်။
သွေးနွယ်ရှင်လက်စွပ်သည် ထိုအမှတ်အသားကို ဟာဆွန်၏ နဖူးပေါ်၌ ထိုးထွင်းပေးခဲ့သည်။
သွေးနွယ်ရှင်လက်စွပ်က လှုပ်ခါနေခြင်းဖြင့် အနီရောင်အလင်းတန်းများသည် ဖြာထွက်နေသော နေရောင်ခြည်များပမာ ဟာဆွန်၏ နဖူးအလယ်၌ လက်ခနဲ လင်းလက်လာကြသည်။ ၎င်းအလင်းတန်းက ထိုနေရာ၌ သွေးတိမ်တိုက် အစု အမှတ်အသားကို ထိုးထွင်းပေးလိုက်သည်။
ဟာဆွန်သည် သေသွားခဲ့ပြီးဖြစ်သည်။ သူ့နတ်ဘုရားခန္ဓာကိုယ်သည် ပြာနှမ်းပြီး ညိုးနွမ်းခြောက်သွေ့သွားသော အလောင်းကောင်တစ်ခုပမာ ခြောက်သွေ့သွားခဲ့ပြီး အလွန်ကြောက်စရာကောင်းသည့်ပုံပေါက်ခဲ့သည်။
ရွှမ်ရှန်း ထံမှ လာသည့် သွေးအရိုးများသည် ကြေမွသွားသည်နှင့် အမှုန့်များအဖြစ် ပြောင်းလဲသွားကြပြီး ဟာဆွန်၏ နတ်ဘုရားခန္ဓာကိုယ်ထဲသို့ ဝင်သွားခဲ့ကြသည်။ သူ့နဖူးအလယ်၌ သွေးအမှတ်အသား ပေါ်လာခဲ့သည်။ ဟာဆွန် ဘေးပတ်ပတ်လည်၌ တိုက်ခတ်လှည့်လည်နေကြသော အလောင်းကောင်ကီစွမ်းအင်များက ထူးခြားသော စွမ်းအင်တစ်မျိုးနှင့် သူ့ဝိဉာဉ်ယဇ်ပလ္လင်ကို ပြောင်းလဲစေခဲ့သည်။ လောင်ကျွမ်းခြင်းဖြင့် ပြာကျသွားသော သူ့ဝိညာဉ်သည် သွေးအမှတ်အသား၏ ပြန်စုဆောင်းခြင်းခံကြရသည်။ထိုအရာအားလုံးသည် နောက်ထပ်တစ်ဖန် ပြန်စုစည်းသွားကြသည်။