1022

348 47 1
                                    

Chapter 1022: စိတ်အားထက်သန်သော စုံတွဲ

“ဒီနေရာမှာလား”

ဥက္ကာခဲပေါ်တွင် ရပ်ရင်း ရှီယန်ပြောလိုက်သည်။ သူ အလွန်စိတ်အားတက်ကြွနေသည်။

ဖေးလန်၊ လီအိုနာနှင့် ကျန်လူများအားလုံး အံ့အားသင့်သွားကြသည်။ သူတို့ရှေ့ရှိ ပိန်းပိတ်အောင်မည်းမှောင်သောနေရာကို ကြည့်ရင်း ငေးကြောင်နေကြရာမှ အာရုံခံရန် ဝိညာဉ်အသိကို စေလွှတ်လိုက်ကြသည်။ သို့သော် မည်သည့် အသက်စွမ်းအင်ဖြာထွက်မှုကိုမျှ မခံစားကြရချေ။
မှင်နက်ရောင်ဝါဂွမ်းစိုင်များကဲ့သို့ တိမ်တိုက်များက ပြည့်နှက်ကာရံထားသည်။ သူတို့မျက်လုံးထဲတွင် တော့ ဝိညာဉ်ရှိသောမည်သည့်သတ္တဝါမျှ ရှင်သန်မနေထိုင်သည့် ပိန်းပိတ်ဧရိယာကြီးသာဖြစ်သည်။
ရှီယန်မှာစွမ်းရည်ထူးများရှိကြောင်း သိမထားလျှင် ဒါက အဓိပ္ပါယ်မဲ့သည်ဟု သူတို့ ထင်မြင်မိပေလိမ့်မည်။ သို့သော် မည်သူမျှ ထိုသို့ မခံစားရပါ။ သူတို့က ရှီယန်ကိုသာကြည့်ကာ နောက်ထပ် ဖြေရှင်းချက်ကို စောင့်မျှော်နေကြသည်။
“ဆေးနှင့်ကိရိယာစံအိမ်က တကယ်အားကောင်းတာပဲ”
ရှီယန် ချီးကျူးလိုက်သည်။
“သူတို့က သက်ရှိကြယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်တယ်။ ခင်ဗျားတို့ အဲ့ဒီနေရာမှာ ဘာမှမြင်နိုင်မှာမဟုတ်ဘူး။ အာဂါတေးကြယ်နယ်မြေရဲ့ အထူးအင်အားစုဟာ တကယ်ပဲ လျှို့ဝှက်ဆန်းကြယ်ပါပေတယ်”

“သက်ရှိကြယ်တစ်ခုလုံးကို ဖုံးကွယ်ထားဖို့ နည်းလမ်းတွေအများကြီးရှိပါတယ်။ အံ့သြစရာတော့မဟုတ်ပါဘူး။ ကျွန်တော်သိသလောက် သက်ရှိကြယ်တစ်လုံးကို ဖျောက်ကွယ်ထားဖို့ နည်းလမ်းပေါင်း သုံးဆယ်လောက်ရှိတယ်”
ဘန်နီက ဝံ့ကြွားဟန်ဖြင့်ပြောသည်။
“ကျွန်တော်တို့ အမှောင်ခွင်းကြယ်နယ်မြေမှာ ဒီလိုဖြေရှင်းနည်းတွေ အများကြီးရှိတယ်။ အဲ့ဒီနှစ်တုန်းက ကျွန်တော်တို့ရဲ့ အဓိက သက်ရှိကြယ်ကို ဖုံးကွယ်ဖို့ ဒီလို သိပ်သည်းမြူပြင်ပဟင်းလင်းပြင်အကာကအကွယ်ကို အသုံးပြုခဲ့တာပဲ။ ဝိညာဉ်အသိနဲ့ ထွင်းဖောက်မမြင်နိုင်တာမျိုးပေါ့။ ဒါကြောင့် ဒီနည်းလမ်းက သိပ်ပြီး ဂုဏ်ယူဖွယ်ရာတော့ မဟုတ်ပါဘူး”

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now