1043

344 51 0
                                    

Chapter 1043: တာဝန်ယူခြင်း

ဥက္ကာပျံများသည် ရှီယန် ပတ်ပတ်လည်တွင် တဝေါဝေါ ဖြတ်သန်း ရွေ့လျားနေကြပြီး အဆက်မပြတ် ပြောင်းလဲနေသည်။ သူတို့သည် ပေါက်ကွဲလွယ်သော စွမ်းအားနှင့် လှပသော အလင်းတန်းများဆွဲရင်း ပတ်ပတ်လည်တွင် ပျံသန်းနေကြသည်။ 

ရှီယန်သည် သူ့လက်နှစ်ဖက်ကို ယှက်ထားပြီး စစ်သင်္ဘော၏ ထိပ်ဖျား၌ မတ်တပ်ရပ်၍ နေရာအနှံ့ ဖြန့်ကျက်ကာ ကြည့်နေသည်။ သူ့ဝိဥာဉ်သည် ဗလာဟင်းလင်းဖြစ်နေသော်လည်း ထိုဥက္ကာပျံများ၏ ဦးတည်ရာကို သူ သိနေဟန်ပင်။ 

သူ၏ လွတ်မြောက်အကန့်အသတ် ဖြစ်ပေါ်လာသည်နဲ့ သူ ကြီးကြီးမားမား ပြောင်းလဲသွား၏။ သူ့စွမ်းအင်အသိသည် လွတ်မြောက်အကန့်အသတ်နဲ့ ပြည့်စုံကောင်းမွန်စွာ ပေါင်းစည်းသွားသည်။ မတူညီသော စွမ်းအားများကို သူ လှုံ့ဆော်သည့်အခါ လွတ်မြောက်အကန့်အသတ်သည်လည်း ကိုက်ညီအောင် ပြောင်းလဲသွားသည်။ ၎င်းသည် ဝိဥာဉ်နဲ့ သေသေချာချာ ပူးပေါင်းဆောင်ရွက်တတ်သည်။ စွမ်းအင်အသိတစ်ခု၏ ပါးနပ်သော အကောင်းဆုံးအရည်အချင်းကို ထုတ်ပြလုပ်ဆောင်နိုင်ရန်ပင်ဖြစ်သည်။ 

သူ၏ လွတ်မြောက်အကန့်အသတ်သည် စကြာသဠာအသစ်တစ်ခုသဖွယ်ပင်။ ထွန်းလင်းတောက်ပ၍ ကျိုးပဲ့နေသော ကြယ်များ နဲ့ သူ့ဝမ်းဗိုက်အောက် ဟင်းလင်းပြင်၌ ပုန်းနေတတ်သော ကြီးမားသည့် ကြယ်တစ်လုံးတို့ ရှိနေသည်။ ထိုကြယ်၌ သေခြင်းနဲ့ရှင်ခြင်း၏ စွမ်းအားခပ်ရေးရေး ရှိသည်။ 

ကြယ်များနဲ့ ဟင်းလင်းပြင်တို့သည် စကြာဝဠာတစ်ခု၏ လိုအပ်သော အခြေခံသဘောတရားများဖြစ်ကြသည်။ ယနေ့၌ သူ့လွတ်မြောက်အကန့်အသတ်သည် ထာဝရသေခြင်းနဲ့ရှင်ခြင်းစွမ်းအားနဲ့အတူ အံကိုက်ဖြစ်အောင် စကြာဝဠာ၏ အရွယ်အစားကို ပြုပြင်ပြောင်းလဲနေဟန်ပေါ်သည်။ အထဲ၌ အံ့ဖွယ်ကောင်းစွာ အဆက်မပြတ် ပြောင်းလဲနေသည်။

  လွတ်မြောက်အကန့်အသတ်၏ ပိုင်ရှင်အနေဖြင့် သူသည် အကုန်လုံးကို ထိန်းချုပ်နိုင်သော ကမ္ဘာကြီး၏ တစ်ဦးတည်းသော နတ်ဘုရား ဖြစ်သည်။ သူ့စွမ်းအင်အသိများသည် သူ့လွတ်မြောက်အကန့်အသတ်၌ မပြီးဆုံးနိုင်အောင် ပြောင်းလဲနိုင်သည်။ တကယ့်ကမ္ဘာအစစ်သို့ ထုတ်ပြလို့လည်း ရသည်။  

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now